(အဆင်ပြေလာတဲ့ ဆက်ဆံရေး)
ညဉ့်အချိန်ဖြစ်၍ အခန်းတစ်ခုလုံး အေးချမ်းကာ အိပ်စက်ဖို့သင့်လျော်တယ်။ အမှောင်ချထားသော အိပ်ခန်းတွင်းဖြစ်ပေမယ့် စကားသံခပ်တိုးတိုးကိုကြားနေရတုန်းပဲ။ စံတော်ချိန်အားဖြင့် ည၁၁နာရီရှိပေမယ့် အိပ်ပျော်ခြင်းမရှိသေးဘူး။
" အိပ်ပြီလား Leon "
နံဘေး၌အိပ်စက်နေသော အမျိုးသားကိုဘာရယ်မဟုတ် မေးလိုက်မိသည်။ အမှန် သူ မမေးသင့်တာသိတယ်။ မနက်ဖြန် Leonအလုပ်ရှိလား၊ဘာလား သူမသိဘူး။ အကယ်၍ အိပ်ရေးပျက်ရင်း Matthew အပြစ်ကကျိန်းသေသည်။
သူ့ခမျှာ စိုးရိမ်နေပေမယ့် ခါးပေါ်သို့ကျရောက်လာသည့်ကန့်လန့်ဖြတ် သန်မာသည့်လက်မောင်းတစ်ဖက်ကြောင့် အံ့ဩသင့်ရသည်။ ဘာလဲ ဒီကောင်လေးက။
" ဟန်နီအိပ်မပျော်ဘူးလား။ ကျွန်တော် အိပ်ပျော်အောင်လက်ဖက်ရည်ဖျော်ပေးမယ်။ ထ သွားရအောင် "
" ဟင့်အင်။ ငါပြောစရာရှိလို့ "
သူ့အသံခပ်တိုးတိုးဖြင့်ပြောမိသွား၍ Leonလက်မောင်းကို ကိုင်ထားသည်။ သန်မာသည့်Leonလက်မောင်းတွေဟာ ပုံမှန်အားကစားလုပ်မှန်းသိသာလှတယ်။
" ဘာပြောမလို့လဲ။ မောင် နားထောင်ပေးမယ် "
ချက်ချင်းဆိုသလို Leonသည် သူ့ခါးကိုအသာဆွဲကာ ခန္ဓာကိုယ်ချင်းထိကပ်လိုက်သည်။ထိုအခါ Matthewတင်ပါးလေးနှင့် Leonအရာကြီးထိတွေ့သွားကာ ညအိပ်ဝတ်ဘောင်းဘီတောင် ဝတ်မထားတဲ့Matthewမှာ ရှင်းရှင်းလင်းလင်းခံစားမိတယ်။
သို့ပေမယ့် သိပ်ပြီးထူးထွေနေတာမဟုတ်တာကြောင့် သူကျောပေးနေရာမှ Leonနှင့်မျက်နှာချင်းဆိုင်လိုက်သည်။
" ဟိုလေ။ မနက်ဖြန်အလုပ်အားရင်လေ Benရဲ့အိမ်ကိုလိုက်ပို့ပေးပါလား။ ငါအဲ့မှာ လတ်တလောနေနေလို့။ မင်းအဆင်ပြေမှပါ မဟုတ်လည်း ငါ့ဘာသာအငှားကားစီးလို့ရတယ် "
" မဟုတ်တာ မောင်လိုက်ပို့မှာပေါ့။ မနက်ဖြန်ဘာမှလုပ်စရာမရှိဘူး။ ဟန်နီ့ကိုချစ်ဖို့တော့နေ့တိုင်းအားတယ် "
VOCÊ ESTÁ LENDO
Tʜᴇ Dᴀʀᴋ [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]
Romanceသူနဲ့သာ မတွေ့ဆုံဖြစ်ကြရင် ချစ်မိမှာမဟုတ်သလို "အမှောင်"ထဲမှာစမ်းတစ်ဝါးဝါးလမ်းလျှောက်နေမိခဲ့မှာမဟုတ်ဘူး။ [ Note:ဇာတ်အိမ်နှင့် ဇာတ်ကောင်များအားလုံးက စိတ်ကူးယဉ်သက်သက်ဖြစ်ပြီး မည်သူ့ကိုမှထိခိုက်လိုခြင်းမရှိပါ။ ကြမ်းတမ်းသည့်စကားလုံးများနှင့်ဇာတ်ဝင်ခန်းမ...