Extra 11

169 6 0
                                    





ဒီဇင်ဘာညချမ်းအချိန်ဖြစ်၍ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲနေပြီ။ သို့သော် ခြံထဲမှာတော့လျှပ်စစ်မီးထွန်းထားလျက် ညစာစားပွဲကျင်းပနေကြသည်။ အလွန်ပင်နောက်ကျသည့် အချိန်မဟုတ်တာကြောင့် ကိုယ်စီအနွေးထည်ပါးလေးဝတ်ထား၏။

ဒါပေမဲ့ Matthew ရေချိုးပြီးနောက် ညအိပ်ဝတ်စုံကိုတန်းဝတ်ထားသည်။ဒီကပြီးရင် ဘာမှလုပ်စရာမရှိတော့ဘူးလေ။ ထို့ကြောင့် ဆုံးဖြတ်လိုက်ပုံရသည်။

ဒီထမင်းဝိုင်း၌ သူနှင့်Leonက တစ်ဖက် အမြွှာညီမနှစ်ယောက်က တစ်ဖက်စီထိုင်နေကြသည်။ Lucyက အစားအသောက်ထဲအာရုံရနေတာမို့ သူတို့ကိုစကားတစ်ခွန်းမှမဆိုလာဘူး။ သို့သော် Lilyသည်ကား စားလက်စကို ခဏရပ်ကာရေသောက်လိုက်သည်။

" ဒီညစာဘယ်သူချက်ထားတာလဲ လုံးဝမိုက်တယ်။ ကြက်ပေါင်းဟင်းချိုကအရမ်းကောင်းတယ် "

သူမသည် ထိုဟင်းချိုကိုခူးခပ်သောက်၍ ရွှင်ပြုံးသောမျက်နှာထားဖြင့် အစ်ကိုဖြစ်သူနှင့်Matthewကိုကြည့်၏။ ကြားထဲ အငယ်မမှာတော့ ဟင်းများကိုယူစားရင်း လက်မတစ်ထောင်ထောင်။

ဒီကလေးတွေကိုကြည့်ရင်း Matthewရယ်ချင်လာမိသည်။ သို့သော် ကိုယ့်ကိုကိုယ်ထိန်းသိမ်းရင်းပင် တည်ငြိမ်နေလိုက်တယ်။ ကလေးတွေရှေ့မှာတော့ အိန္ဒြေရမှဖြစ်မည်။

" အဲ့ အဲ့တာက...."

" မင်းတို့ရဲ့အစ်ကိုအသစ်ချက်ထားတာ။ ဘယ်လိုလဲကောင်းတယ်မလား "

ရုတ်တရက်ကြီးLeon၏ ကြားဖြတ်စကားကြောင့် မျက်လုံးအပြူးသားဖြစ်သွားရတယ်။ အမှန်တော့ သူက ကူညီသူသက်သက်ပဲ။ အားလုံးကို Leonကဒိုင်ခံပြီးဟင်းချက်ပေးသွားတာလေ။

" တကယ်လား။ အရင်ကဟင်းမချက်တတ်ဘူးဆို အခုတော့ကိုကို့ကြောင့် အစ်ကိုMatthewချက်တတ်သွားပြီပေါ့။ ဝမ်းသာလိုက်တာ။ တကယ်ပြောတာ ဟင်းတွေကစားလို့အရမ်းကောင်းတယ် "

" ဟုတ်တယ် ညီမလည်းထောက်ခံတယ်။ အစ်ကိုMatthewကျေးဇူးတင်ပါတယ် "

အမြွှာနှစ်ယောက်က သူ့ကိုချီးကျူးနေကြတော့ ပြုံးပြရုံကလွဲပြီး ဘာမှမလုပ်တတ်ဘူး။ ဘေးဘီက Leonကိုကြည့်တော့လည်း ပြုံးပြုံးကြီး သူ့အားကြည့်လို့။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Donde viven las historias. Descúbrelo ahora