Chapter 16 [Run with U]

147 9 0
                                    




ကြီးကျယ်သော အိမ်ကြီးနှင့် ခြံဝန်းကျယ်ကြီးက အဆင့်အတန်းမြင့်မားကြောင်းဖော်ပြနေတယ်။ ခန်းနားလွန်းသည့် ဒီအိမ်၏ ထမင်းစားခန်းမဆောင်၌ ညစာသုံးဆောင်နေကြသည်။

ယခုတော့ ပြီးပြည့်စုံသော မိသားစုထမင်းဝိုင်းလေးဖြစ်လို့နေတယ်။မျက်နှာကြက်ပေါ်မှာ လှပသောမီးဆိုင်းနှင့် ဘေးဘီမှာ ဖယောင်းတိုင်မီးများကို အလှဆင်ထားသည်။ ယင်းနည်းတူ စားပွဲကျယ်ကြီးပေါ်က ဟင်းပွဲများ၏ ရနံ့က နှာဖျားထိရောက်လာခဲ့တယ်။

အမြင်ဖြင့်ကြည့်ရုံတင် အရသာရှိမှန်းသိသာလှတဲ့ ညစာဖြစ်သည်။ Matthew ငယ်စဉ်ကတည်း ဒီလိုနေလာခဲ့ရတော့ သူ့ရဲ့ အဆင့်အတန်းမြင့်မြင့်နေလိုခြင်းက ဖြစ်သင့်ပါတယ်။

" အိမ်ကို ပြန်မလာကြာပြီနော်။ မင်းအစ်ကိုဆို အမြဲတမျော်မျော်ပဲ "

" တော်သေးတာပေါ့ အခုမှ မိသားစု ထမင်းဝိုင်းက ပြည့်စုံသွားတော့တယ် "

မေမေနှင့် အဖေက သူ့ကိုကြည့်ပြီး တစ်ဖွဖွပြောနေကြသည်။ Matthew ခေါင်းညိတ်လျက် အလိမ္မာလေး သဖွယ်ရိုကျိုးပြတယ်။

" အခုတလောနာမည်ကြီးနေတဲ့ ဇာတ်လမ်းတွဲမှာပါမယ်ဆို တကယ်လား "

သူဟင်းချိုသောက်နေတုန်း ရုတ်တရက်ကြီး မေးလာတဲ့ အစ်ကိုကြောင့် သူ့မှာသီးမလိုပင်။ မနည်း အိန္ဒြေထိန်းလိုက်လို့  တော်သေးတာပေါ့။

ဒါကိုသတိထားမိသွားတဲ့ အစ်ကိုက သူ့ထံရေထည့်ထားတဲ့ ဖန်ခွက်ကိုလှမ်းပေးသည်။ နှုတ်ကလည်း တောင်းပန်နေသေးတယ်။ သို့သော် ဒါက ပြဿနာမှမရှိပဲ။သူခေါင်းခါမိရင်း

" ဟုတ်တယ် မနေ့ကမှ ရိုက်ကူးရေးပြီးသွားတာ "

" ဒါဆို ပင်ပန်းနေတော့မှာပဲ။ အိမ်မှာ တစ်ညလောက်အိပ်သွားလိုက်လေ။ ကိုယ် အိမ်တော်ထိန်းကိုအခန်းပြင်ခိုင်းလိုက်မယ် "

"  မင်းအစ်ကိုပြောတာ ဟုတ်သား။ တစ်ခါတလေမှရောက်တာ တစ်ခါတည်း တစ်ပတ်လောက်နေသွားပေါ့ "

" ဟို  ဟို အဝတ်အစားက...."

ဧကန် ဒီကိုခြေချမိရင် ပြန်လို့မရတော့မှန်း Matthewသိပြီးသား။ ယခုလည်း အစ်ကိုနဲ့ ကတိပေးထားတဲ့ မိသားစုညစာကြောင့်သာ ရောက်လာခဲ့ရတယ်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Kde žijí příběhy. Začni objevovat