Chapter 75

79 7 0
                                    

(မွေးစားမိဘများရဲ့အဆက်ဖြတ်ခံရခြင်း၁)




ဒီကနေ့ တိမ်တွေထူထပ်၍ နေရောင်ခြည်သိပ်မရပေမယ့် နေရထိုင်ရသက်သာသည်။ ဒါပေမဲ့လည်း Matthewရင်ဘတ်ထဲမှာ ပူလောင်နေ၍ သူ့အပြစ်ကိုဝန်ချဖို့အသင့်ဖြစ်နေတယ်။ ဘာကြောင့်လဲဆို မွေးစားမိဘတွေအပေါ် သူလက်မခံမိတာက အမှားကြီးကြီးမလား။

Leonသူ့ကို ဒီအထိကိုယ်တိုင်လာပို့ပေမယ့် သူနဲ့အတူလိုက်ခဲ့ဖို့ မခေါ်မိဘူး။ ဘာကြောင့်လဲဆို Leonကိုတွေ့ရင် ပြဿနာတွေပိုဆိုးမှာ စိုးရိမ်သည်လေ။ ဒီနေ့ သူ ဒီကိုလာရတာတောင် စိတ်ထဲစိုးထိတ်နေမိသည်။

ကျယ်ဝန်းသော ခန့်ညားသည့်အိမ်ကြီး၏ ဧည့်ခန်းထဲဝင်သွားခဲ့တယ်။ ဆိုဖာပေါ်အသာထိုင်မိ၍ မေမေ့ကိုစောင့်မျှော်နေလျက် အန်တီကြီးတို့ကို သူသတင်းမေးဖြစ်တယ်။

ဒီသုံး/လေးရက် အချိန်ပမာဏလေးမှာတောင် တော်တော်များများပြောင်းလဲခဲ့ပါလား။ Matthewသိခဲ့ရသည်မှာ အစ်ကိုကြီးပြင်းပြင်းထန်ထန်နေမကောင်းဖြစ်ခဲ့သည်တဲ့။ ဒါဟာ သေချာပေါက် သူ့ကြောင့်ဆိုတာသိတယ်။ သို့ပေမယ့် သူ့မှာအားနာရုံ၊တောင်းပန်ရုံကမတတ်နိုင်ခဲ့ဘူး။

" အော် လူတစ်ယောက်ကိုသေလုနီးပါးလုပ်ထားပြီးမှပေါ်လာတယ်နော် "

သူ အိမ်ကအဒေါ်ကြီးနှင့်စကားပြောကြစဉ်မှာမေမေက ဒေါကြီးမောကြီးရောက်လာသည်။ နှုတ်ဖျားကလည်း သူ့ကိုတစ်ခါမှမပြောဖူးတဲ့ သူစိမ်းဆန်သောစကားလုံးများ။ မကျေမနပ်ဖြစ်မယ်ဆိုတာ Matthewနားလည်တယ်။ သို့ပေမယ့် ဒီလောက်ကြီးဖြစ်သွားမယ်လို့ သူ,မမျော်လင့်တာလေ။

ထိုင်ရာမှ ချက်ချင်းထလိုက်ပြီး ခါးတစ်ဝက်အထိခေါင်းငုံမိလျက်  သူတောင်းပန်ခဲ့တယ်။ ဒီအချိန်မှာ သူမှာတောင်းပန်ရုံကလွဲပြီး မတတ်နိုင်ဘူး။

" ကျွန်တော် တကယ်တောင်းပန်ပါတယ် "

" နင့်တောင်းပန်စကားတစ်ခုက ငါ့သားဘဝကိုပြောင်းလဲသွားမှာမို့လို့လား။ ငါတို့ မင်းကို ကောင်းကောင်းဆက်ဆံပေးခဲ့တယ်။ ဒါတွေအားလုံးက ရယူလိုခြင်းတစ်စက်မှမပါဘူး။ ဒါပေမဲ့ ကျေးဇူးပြုပြီး Warenကိုလက်ခံပေးလို့မရဘူးလား "

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Donde viven las historias. Descúbrelo ahora