Chapter 20🔞

483 12 0
                                    

 (တကယ်ကြီးရူးသွားပြီ)🔞 

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.

(တကယ်ကြီးရူးသွားပြီ)🔞 




သူ့တိုက်ခန်းထဲက ထွက်လာပြီးအငှားယာဉ်ဖြင့်ပဲ ထိုလိပ်စာအတိုင်းသွားခဲ့သည်။ကိုယ်ပိုင်ကားမရှိဘူးလားလ်ို့ မေးကောင်းမေးကြလိမ့်မယ်။ရှိရင်တောင် အဲ့ကားကို ဘယ်ဂျောင်ထိုးရမလဲပဲ စဉ်းစားရမှာ။ အားနေအချိန်ဇယားတွေကြောင့် ကုမ္ပဏီရောက်လိုက်၊ဘာညာရိုက်ကွင်း၊ ဒါ့အပြင် နိုင်ငံတကာဖျော်ဖြေရသေးတယ်။ အဲ့ဒီတော့ တွက်ကြည့်လေ သူဝယ်ထားတဲ့ ကားအကောင်းကြီးကို ဘယ်မှာထုတ်စီးရမှာလဲ။

ဝယ်တာထက်ဆိုင်ရင် မဝယ်တာကပိုကောင်းနေဦးမယ်။ တော်ကြာ ဒီကားက Matthewဟာဆိုပြီးလူတကာသိကာမှ မလွတ်မလပ်ဖြစ်ရတာမျိုး လုံးဝမကြိုက်ပါ။

" ###ဟိုတယ်ဆိုတာ သေချာရဲ့လား "

ကားရှေ့ခန်းက ဦးလေးကြီးဆိုလာတော့မှ သူခေါင်းညိတ်ပြပြီး အတည်ပြုလိုက်တယ်။ ဘယ်သူမှမသိစေရန် မျက်နှာပေါ်မှာ Maskတပ်ထားပေမယ့် နာမည်ကြီးတစ်ယောက်ယောက်ဖြစ်တယ်ဆိုတာ ရိပ်မိလောက်မှာပါ။

Matthew ထိုလူကြီးရဲ့ ထင်မြင်မှုတွေအစား ဖုန်းထဲကလိပ်စာကိုသာကြည့်ပြီး သက်ပြင်းချမိသည်။ အခုတလော သူ့ကိုယ်သူထိန်းချုပ်မရဖြစ်နေပြီး ဆေးရမှအဆင်ပြေပါမယ်။

နိုင်ငံခြားမှာဆို အနုပညာရှင်တွေဆေးသုံးခွင့်ရရှိနေပေမယ့် ဒီမှာတော့ ပြစ်ဒဏ်အကြီးကြီးဖြစ်လို့နေတယ်။ မူးယစ်ဆေးဝါးက မကောင်းဘူးဆိုပေမယ့် ကိုယ့်အလုပ်နှင့်အခြားသူများကို မထိခိုက်ရင်ပြီးပြီမလား။ ဘာကြောင့် အထူးတလည်လိုက်ပြီး ပြစ်တင်ဝေဖန်တရားစွဲချင်နေကြတာလဲ။ နိုင်ငံရဲ့ဥပဒေကို သူနားမလည်တော့ဘူး။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Onde histórias criam vida. Descubra agora