Chapter 29

108 9 0
                                    

(His Personality)


" မစားချင်ဘူး ဆေးပဲပေး "

သာယာသော ဇန်နဝါရီလ မနက်ခင်းမှာ Matthewအသံကျယ်ကြီးက ထမင်းစားခန်းထဲ ပျံ့လွင့်သွားတော့သည်။ မနက်စာကို သေချာချက်ပြုတ်ပေးနေသော Leon မျက်နှာမဲ့သွားပြီး သူ့ အဆိုးလေးMatthewကို တစ်ချက်ကြည့်သည်။

အသံအောင်ချက်ကတော့ အဆိုတော်လို့မပြောရဘူး။ သူ့နားပင် အတော်အူသွားရတယ်။ ဒါပေမဲ့ ကိစ္စမရှိတာမို့ စပျစ်သီးဖျော်ရည်နှင့်ပန်ကိတ်ကို အသာယူလာပြီး စားပွဲပေါ်ချပေးခဲ့သည်။

ထို့နောက် သူလည်းပဲ Matthewဘေးမှာ ဝင်ထိုင်ကာ တည်ငြိမ်သော မျက်နှာဖြင့်

" မနက်စာ အရင်စားစမ်းပါ "

" ငါ မစားဘူးလို့။ ဟိုးနေ့တွေတုန်းက မင်းငါ့ကို ဆေးပေးမယ်ဆို ဘယ်မှာလဲ "

ဒေါသထွက်လွန်းလို့ သူ့မျက်နှာနီရဲနေပြီး Leon အင်္ကျီကိုကိုင်၍ ဆွဲထိုးတော့မည့် အရိပ်အယောင်များစွာ။ သူ့လက်သီးများက သွေးကြောတွေအထင်းသား မြင်နေရသည်။ ထို့အတူ Matthewမျက်လုံးတွေမှာ မျက်ရည်စများကပ်ညှိနေလျက်။

" ဘယ်မှာလဲလို့ ငါမေးနေတယ်လေ "

" ဟန်နီ တကယ်ပဲ လက်လျော့တော့မှာလား "

Leonစကားတွေကြောင့် သူ့လက်သီးဆုပ်ထားမိရာမှ ပြေလျော့သွားပြီး ဘာမှမတွေးနိုင်လောက်အောင် ငိုင်တိုင်တိုင်ဖြစ်နေတယ်။

တစ်ခါတစ်ရံ သူ့ကိုယ်သူလည်း နားမလည်တော့ဘူး။ သန်မာတယ်လို့ ထင်ထားပေမယ့် အားပျော့တဲ့ လူဖြစ်နေပြီး အထိအခိုက်လွယ်လွန်းတယ်။ အခုလည်း သူသေချာဆုံးဖြတ်ပြီးသား ဆေးဖြတ်ဖို့ကို လက်လျော့ချင်နေပြီ။

ဒါပေမဲ့ သူ ဒီအနုပညာလောကမှ ကျင်လည်ခဲ့တာပဲ မလား။ ဒါတော့သူခံနိုင်မှာပါ။ ဟုတ်တယ် မဟုတ်လား။ Matthew ကျော်ဖြတ်နိုင်မှာပါ။

သူသေချာလေး တွေးပြီးကာမှ ငိုလုနီးပါး အားငယ်သော မျက်နှာက ချက်ချင်းပြောင်းလဲလာတော့တယ်။
သို့သော်လည်း Leon၏ ထပ်မံဆိုလိုက်တော့ စကားကြောင်​့ ဒေါသကထွက်ချင်လာပြီ။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Kde žijí příběhy. Začni objevovat