Chapter 63

80 4 0
                                    

(နောက်ထပ်နာကျင်ချင်သေးတာလား)


ဤနှစ်ထပ်တိုက်ဗီလာကို လွန်ခဲ့တဲ့နှစ်၂၀လောက်ကဆောက်ထားတယ်လို့ ပြောပေမယ့်  ဒီနေ့အထိတော့ ခေတ်မီနေဆဲ။ အပြင်ပိုင်းအသွင်ပြင်က နည်းနည်းအိုမင်းပုံရသော် အထဲကပစ္စည်း၊ပရိဘောဂအစရှိသမျှက ခေတ်မီလှ၏။

ထမင်းစားပွဲဟာ လူရှစ်ယောက်လောက် ကောင်းကောင်းဆန့်သည်။ ဒါပေမဲ့ ညစာကိုနှစ်ယောက်တည်း မျက်နှာချင်းဆိုင်လျက်စားနေရသည်။  ညပိုင်းအချိန်ဖြစ်သလို ပတ်ဝန်းကျင်တစ်ခုလုံးလည်း အမှောင်ကျနေတယ်။

ဒီအိမ်ကြီး၌လည်း သူနှင့်အိမ်ပိုင်ရှင် Leonသာရှိသည်။ ဝန်ထမ်းများက သက်သက်စီဖြစ်ပြီး ဘာဂါကတော့ သူ့ကိုယ်ပိုင်အိမ်ရှေ့က အခန်းထဲမှာ။ ဒီတော့ Matthewအတွက် ပိုစိတ်ညစ်ရသည်။ အကြောင်းရင်းဟာ ဉာဏ်များလွန်းတဲ့ ဒီလူသားကြောင့်ဆို ပိုမှန်ဦးမယ်။

" ငါ ဒီညစာမင်းနဲ့အတူစားပြီးပြီ။ အိမ်ပြန်ပို့ပေး "

" ဟန်နီ အချိန်ကိုလည်းကြည့်ဦးလေ။ ဒီချိန်သွားရင် အန္တရာယ်များမှာပေါ့ "

ထမင်စားခန်းထဲက နာရီကိုကြည့်မိသည့်အခါ ည၈နာရီထိုးနေပြီ။ ဒါကို သူ Zcity သွားချင်လှပါပြီဆိုရင်တောင် နှစ်နာရီလောက် ကားမောင်းရဦးမယ်။သေချာစဉ်းစားကြည့်ရင် ညပိုင်းခရီးသွားတာက ကိစ္စမရှိပေမယ့်  Leonကသာ အကြံကြီးကြံနေတာ။

အားလုံးကိုရိပ်မိသွားသည့်နောက် Matthewသည် ပန်းကန်လုံးထဲက အရွက်ကြော်ကို စိတ်မရှည်စွာဝါးစားမိသည်။ ထမင်းပန်းကန်၌ ဘာမှမကျန်ရှိတော့လို သန့်ရှင်းရေးလုပ်ဖို့လိုအပ်လာတယ်။ သို့သော် Leonက သူ့ညစာစားခြင်းပြီးဆုံးသွားတောင် ထိုင်ရာကမထသေးဘူး။

" ဘာလဲ။ ထမင်းစားပြီးရင် ထတော့လေ "

သူ့ကိုခေါင်းခါပြလျက် Leonရဲ့ တစ်စိမ့်စိမ့်အကြည့်တွေက ကျောချမ်းစရာ။ ဒါတွေအကုန်လုံးက ဘာတွေလဲ။ သူအရမ်းစိတ်ပျက်မိသည်။

" မင်းပြောတော့ ငါ့ကိုအိမ်ပြန်ပို့မယ်ဆို။ ဘာလို့အခုကျ...."

" ကျွန်တော်မနက်ဖြန်ပြန်ပို့ပေးမယ်။ ဒီညတော့ ကျွန်တော်နဲ့ "

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Donde viven las historias. Descúbrelo ahora