Chapter 9

139 13 0
                                    

(အစစ်အမှန်ဆိုတာဒါလား )




အလုပ်နဲ့ပတ်သတ်တဲ့ တွေ့ဆုံဆွေးနွေးပွဲတဲ့။ Matthew စိတ်ထဲမှာ တကယ်ပိတ်လှောင်လွန်းတယ်။ သူ သောက်ရတဲ့ ယမကာတွေကိုသဘောကျပေမယ့် ဒီအခြေနေကိုသဘောမကျဘူး။

လူများက အနည်းဆုံးရှိ ၁၀ယောက်။ ကျယ်ဝန်းတဲ့ ဒီအခန်းကျယ်ကြီးမှာ ယောက်ျားကော မိန်းမပါရှိနေတယ်။ စားပွဲပေါ်မှာ သောက်စရာများစွာရယ် အမြည်းများရယ်။ ဘေးဘီမှာ လူတွေထိုင်ကာ စကားစမြည်ပြောဆိုနေကြတယ်။

ဒီတစ်ခေါက် စပွန်ဆာပေးတဲ့ လူဝဝကြီးရဲ့ဘေးမှာ ခပ်ငယ်ငယ်မိန်းမလှလေး နှစ်ယောက်။တစ်ယောက်က နာမည်ကြီးမော်လ်ဒယ်၊ တစ်ယောက်က အဆိုတော်ပေါက်စ ဖြစ်တယ်။ကိုယ်လုံးကိုယ်ပေါက်လှလှနှင့် တကယ့်ချောချောလှလှလေးတွေ။

အလုပ်နဲ့ပတ်သတ်တဲ့ အစည်းအဝေးသာဆိုတယ် တကယ်တမ်းကျ အလုပ်ကိစ္စမပါဝင်တဲ့ အရက်ဝိုင်းချည်းဖြစ်နေတယ်။ ယင်းနည်းတူ သူ့ဘေးမှာလည်း ပရိုဂျူဆာမမ က ထိုင်လျက်ရှိသည်။ ငွေလျှံတဲ့အသိုင်းအဝိုင်းထဲက ပေမယ့် အိုနေတဲ့ အသက်၅ဝကို ဘယ်လိုမှဖုံးဖိမရဘူးထင်ရဲ့။

" မောင်လေးတို့ရဲ့ သီချင်းအသစ်က သိပ်မိုက်တာပဲ "

မိတ်ကပ်များစွာလူးထားတဲ့ မျက်နှာကို သူ မကြည့်ချင်ပေမယ့် လှည့်ကြည့်မိသည်။ ခေတ်မှီဆေးနည်းပညာတွေနဲ့ နုပျိုအောင် အတင်းလုပ်ယူထားပုံဟာ သိပ်ကိုနုပျိုချင်မှန်း သိသာလွန်းသည်။

" ဟုတ်ကဲ့။ အားပေးလို့ကျေးဇူးပါဗျာ "

သူဝတ်ကျေတမ်းကျေပြုံးပြပြီး စားပွဲပေါ်က အရက်ပုလင်းကိုယူကာ ငှဲ့ပေးမိသည်။ ဒီဝိုင်းထဲမှာ သူအပါအဝင်တစ်ခြားသော အနုပညာရှင်တွေနဲ့  ဒါရိုက်တာ၊ပရိုဂျူဆာတွေရယ် အဓိကဇာတ်ဆောင် စပွန်ဆာသူဌေးတွေရှိနေတယ်။

အားလုံးသူ့ဘာသာ အဆင်ပြေတယ်လို့ယူဆရပေမယ့် တကယ်တမ်းကျ မကြာခင် အမှောင်ထုကြီးရောက်တော့မှန်း သူသိတယ်။ ဒီထဲ အနုပညာရှင်ပါဆိုပြီး အမည်ခံနေတဲ့ လူတွေအပါအဝင်လည်း သိနှင့်ပြီးသားပဲ။

သူ မသက်သာစွာ အသီးအနှံတွေထဲက ဖရဲသီးအစိတ်သေးသေးကို ထိုမိန်းမကြီးရဲ့ ပါးစပ်ထဲထည့်ပေးမိတယ်။ မလုပ်ချင်လည်းလုပ်ရမျိုးပဲ။ ဒီချိန်အခိုက်အတန့်မှာတောင်  ဒါရိုက်တာဆိုတဲ့လူကြီးက အဆိုတော်မလေးကို မဖွယ်မရာ ထိကိုင်နေတာကို သူမြင်ဖြစ်အောင်မြင်လိုက်ရသေးတယ်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Tempat cerita menjadi hidup. Temukan sekarang