Chapter 35

96 7 0
                                    

(အိမ်ပြန်ဖို့အချိန်တန်ပြီ)





ဒီနေ့က သူဆေးဖြတ်တာ နှစ်လခွဲပြည့်တဲ့နေ့။ အရင်ကတော့ ဒါပြီးရင်လျှောက်လည်မယ်၊ စိတ်တိုင်းကျ ဟိုဟိုဒီဒီသွားမယ်ပေါ့။ ကြိုတွေးထားသမျှက အခြေအနေတစ်မျိုးပြောင်းလဲသွားပြီ။

" စိတ်မကောင်းဖြစ်ပါနဲ့။ အစ်ကိုဒါကိုကျော်လွှားနိူင်ခဲ့ပြီပဲ ပျော်လိုက်စမ်းပါ "

သူ့ကိုဖက်၍ ကျောကိုဖွဖွပုတ်ကာ Leonပြောသည်။ ထိုသူ၏ မျက်နှာမှာအပြုံးတွေမြင်ရပေမယ့် Matthew မပျော်နိုင်ဘူး။ ဒါပေမဲ့ သူအတုအယောင်ပြုံးရယ်လျက်

" ဒါပေါ့ မင်းလည်းအဆင်ပြေပါစေ "

" စိတ်ချပါ ကျွန်တော်ကအေးဆေးပဲ။ ဒါပေမဲ့ ဟန်နီ့ကိုလွမ်းနေရတော့မှာ ဟန်နီရဲ့ ညည်းသံလေးကိုရော "

မျက်နှာစူပုပ်ပုပ်ဖြင့် Leonပြောလာသော်လည်း Matthew အမြန်ပဲ ထိုသူလက်တွေဖယ်ရှားကာ မျက်နှာရှုံ့မဲ့စွာဖြင့်

" နှာဘူးကောင် မင်းဒါချည်းပဲတွေးနေလိုက်။ ငါသွားပြီ "

Matthew အမြန်ပဲ သူ့ခရီးဆောင်အိတ်လက်ကိုင်ကို ကိုင်လျက်တံခါးဖွင့်ဖို့ ပြင်မိသည်။တကယ်တမ်းက သူLeonရဲ့ စကားကို မျော်လင့်နေမိတာ။

အရင်က ပြောထားတဲ့ "တွဲရအောင်" ဆိုတဲ့စကားကို ဒီကောင်လေးမေ့သွားဟန်တူသည်။နည်းနည်းတော့ မျော်လင့်မိပေမယ့် သူဟာမာနကြီးတဲ့ Matthewဖြစ်တယ်။ အဲ့ဒီတော့ ဒါတွေအားလုံး စိတ်ထဲမှာသိမ်းထားပြီး အဆင်ပြေကြောင်း ပြသမိသည်။

" ဒါနဲ့လေ ဟန်နီ ကျွန်တော်တို့တွဲကြမလား ဟန်နီလည်း သဘောကျနေတာပဲ "

တံခါးဖွင့်လျက် ထွက်သွားဖို့အသင့်ဖြစ်ခါနီးမှ Leonစကားကြောင့် သူ့နှုတ်ခမ်းကိုအသာကိုက်မိတယ်။ ဘုရားရေ  ဒီစကားကို Leonနှုတ်ဖျားက ထွက်လာတာလား။ ဖြစ်ရောဖြစ်နိုင်လို့လား။

သူ မျက်မှောင်ကုတ်ကာ Leonကို ကြည့်သည်။

" ငါ ငါက မင်းနဲ့...။ ရူးကြောင်ကြောင်တွေ "

Matthew နှာခေါင်းရှုံပြပြီး ခေါင်းခါပြလျက် သူ့အိတ်ကိုယူကာ အခန်းအပြင်သို့ မြန်မြန်ထွက်သွားတော့တယ်။ သို့ပေသော် Leonက အနောက်ကနေ စကားတွေပြောနေတာ သူကြားရသေးသည်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Nơi câu chuyện tồn tại. Hãy khám phá bây giờ