Chapter 24

181 10 0
                                    

(အဆင်မပြေမှုများစွာ)




" Matthewငါအမှန်အတိုင်းပဲပြောမယ်။ မင်းဒီဆေးကိုဆက်သုံးနေဦးမှာလား "

" ဟာ မင်းကလည်းတိုးတိုးပြောစမ်းပါ။လူတွေသိကုန်တော့မယ် "

သီးသန့်စားသောက်ခန်းထဲမှာ နေ့လယ်စာစားသောက်နေကြပေမယ့်  သူတို့ရဲ့အသံကို တစ်စုံတစ်ယောက်ဖြစ်ဖြစ်ကြားနိုင်တာပဲလေ။ သာမန်လူတွေဆိုရင် ဘယ်သူမှအထူးတလည်စိတ်ဝင်စားနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခြေအနေတွေမှမတူညီပဲ။ အနေအထားပတ်ဝန်းကျင်ကိုကြည့်ပြီးဆင်ခြင်ရမယ် မဟုတ်လား။

သို့သော်လည်း တကယ့်အစစ်အမှန်ဟာ Matthew ဒီအကြောင်းကိုဘယ်သူမှမသိစေချင်ပါ။

Jinnoအပါအဝင် ကျန်သည့်အဖွဲ့ဝင်တွေက သိရှိပြီးသားပုံစံနှင့် သူ့ကိုကြည့်လာတယ်။ တော်သေးတာပေါ့ သူတို့ချည်းပဲရှိလို့ သက်သာရာရတယ်။ နို့မို့ဆို မန်နေဂျာတွေ၊ဘာတွေနဲ့ အာရုံနောက်ရသည်။

" အစ်ကိုဗျာ မကောင်းတာမှန်းသိရင် ရပ်လိုက်တော့ "

" ဟုတ်တယ် ဆက်ပြီးတော့အနုပညာအလုပ်တွေ ထပ်လုပ်ဦးမှာမလား​။ ကျွန်တော်တို့က အကောင်းပြောနေတာ။အစ်ကိုကောင်းဖို့အတွက် "

Adamနှင့်Jinno စကားကို သူရယ်သည်။ စားလက်စ စားစရာကဗိုက်ထဲဘယ်လိုရောက်သွားမှန်းမသိဘူး။ ဒီနေ့တော့ ၅ယောက်သား အတူတူနေ့လယ်စာအေးဆေးစားကြမယ်ဆိုပြီး သူပျော်နေခဲ့တာလေ။ ဒါပေမဲ့ တကယ့်တကယ်က သူ့ဆေးသုံးစွဲခြင်းကိုရပ်တန့်ဖို့ ဤနေ့လယ်စာကို ဖန်တီးထားတာပဲ။

သိပ်တော်လွန်းပါတယ်။ဒီလိုဖြစ်မယ်မှန်းသိရင် အစကတည်းက လိုက်ဖို့ငြင်းခဲ့ရမှာ။

Matthew ဒိီလူတွေကြည့်ပြီး သက်ပြင်းချမိတယ်။ သူ့ဘာသာ ဘာဖြစ်ဖြစ်၊သေသွားရင်လည်း ဘာဖြစ်လဲ။ စိတ်ပူပေးစရာမှမလိုပဲ။

" ငါ့ဘာသာသုံးတာ မင်းတို့ကိုထိခိုက်နေလို့လား။ကောင်းပြီလေ အဲ့တာဆို ငါအဖွဲ့ကထွက်သွားမယ်။ ညနေ CEOကိုပြောလိုက် "

" ဟေး Matthew မင်းခေါင်းအေးအေးထားပြီးစဉ်းစားစမ်းပါကွာ "

" ဒါကလွယ်တဲ့ကိစ္စမဟုတ်ဘူးနော် "

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Onde histórias criam vida. Descubra agora