Chapter 17

145 10 0
                                    

(World Tour)


များပြားလှသော ပရိတ်သတ်များ၏အားပေးသံကို သီချင်းသံက ဖုံးလွှမ်းသွားသည်။ကျယ်လွန်းတဲ့ အားကစားရုံအတွင်းမှာဖြစ်၍ အပြင်ဘက်က လမ်းသွားလမ်းလာတွေပါ သီချင်းသံတွေကိုကြားနေရတယ်။

ညချမ်းအချိန်ဖြစ်ရုံမက တောက်ပလွန်းသောမီးရောင်များကြောင့် ဒီဖျော်ဖြေပွဲစတိတ်စင်က အတော်ကြည့်ကောင်းနေတော့သည်။ ဒါ့အပြင် ကောင်းမွန်လှတဲ့ sound systemနှင့်အတူ ပျော်စရာကောင်းတဲ့ ဖျော်ဖြေပွဲကြီးဖြစ်ကာ ပရိတ်သတ်များကလည်း စတိတ်စင်အောက်ကနေ သီချင်းတွေဆိုလျက်ရှိကြသည်။

လူဦးရေသိန်းဂဏန်းကျော်ဆန့်တဲ့ ပြည်ပ အားကစားရုံဖြစ်သော်လည်း စတိတ်စင်အတွက်အဆင်ပြေတာမို့ ဘာထွေထွေထူးထူးမှမရှိခဲ့ဘူး။ ယခုမှာမူ  နောက်ဆုံးသော performance ဖြစ်၍ မကြာခင်မှာ နှုတ်ဆက်စကားပြောဖို့ အချိန်ရောက်ရှိလာပြီ။ ယင်းနောက်မှာ နောက်ဆုံးပိတ်သီချင်းဖြင့် ဒီဖျော်ဖြေပွဲကို အဆုံးသတ်ရလိမ့်မယ်။

ခန္ဓာကိုယ်မှာ ချွေးတွေထွက်နေပေမယ့် သူ လစ်လျူရှုကာ အကောင်းဆုံးဖျော်ဖြေနေသည်။ မကြာခင် ဖျော်ဖြေပွဲပြီးတော့မယ့် အသိကပျော်ရသလို တစ်ဆက်တည်းမှာ ဝမ်းနည်းစရာလည်းကောင်းနေပြန်တယ်။ သေချာတာတော့ Matthewဘယ်လိုမှ မဖော်ပြတတ်ဘူး။

သူဆိုရမယ့် အလှည့်ရောက်လာပြန်တော့ အလယ်မှာနေရာယူကာ လက်ထဲကမိုက်ဖြင့် သီချင်းစာသားကို ပေါ့ပေါ့ပါးပါးဆိုလိုက်တယ်။ မျက်နှာလည်း ပြုံးရွှင်စွာဖြင့် သိပ်ကိုပျော်ရွှင်နေမှန်းသိသာလွန်းသည်။

လွန်ခဲ့တဲ့ လဆန်းကစပြီး ဒီဖျော်ဖြေပွဲ စတင်ခဲ့တာ အခုဆိုအဆုံးသတ်ဖို့ သိပ်မလိုတော့ဘူး။ အသေးစိတ်ပြောရလျှင် နောက်ထပ် နှစ်နိုင်ငံလောက်သာ ကျန်လိမ့်မယ်ထင်တယ်။ ဒါပေမဲ့ အမြတ်အနေနဲ့ ဘာပိုက်ဆံမှမကုန်ပဲ ကမ္ဘာပတ်ရတာတော့ အတော်လေးကောင်းပါရဲ့။


_________



အချိန်နာရီဝက်လောက်ကြာတော့ သူတို့တွေ နားနေခန်းထဲရောက်နေကြပြီ။ လွန်ခဲ့တဲ့ မိနစ်အနည်းငယ်လောက်က ဖျော်ဖြေပွဲ အဆုံးသတ်ထားတာမို့ ယခုထိတိုင် ခန္ဓာကိုယ်က ချွေးတွေနှင့် ပူလောင်လွန်းသည်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Donde viven las historias. Descúbrelo ahora