Chapter 69

77 6 0
                                    

(တရားခံက ဘယ်သူလဲ၃)



" ကျွန်တော်တာဝန်ယူပေးမယ်။ ဒီတရားခံကိုရှာပေးမယ် "

အားထက်သရောပြောနေသော Leonကိုကြည့်၍ Matthewကျယ်လောင်စွာရယ်မောတယ်။ လူရှင်းတဲ့ ကော်ဖီဆိုင်လေးမှာမို့တော်ကာကျတာပေါ့။ ဒီကော်ဖီဆိုင်ဟာ celebrityတွေ ချိန်းတွေ့ဖို့အများဆုံးလာကြလေ့ရှိတယ်။

အထူးသဖြင့် ဤသို့လူသူနည်းပါးတဲ့နေရာက အသင့်လျော်ဆုံး။ သို့ပေမယ့် ဒီနေရာတွင် သူနှင့်Leonအတူရှိနေရတာဟာ  သမီးရည်းစားတွေလိုချိန်းတွေ့ခြင်းအလျှင်းမပါဝင်။

" ကျွန်တော်ပြောတာ ရယ်ရလို့လား "

Leonသည် နားမလည်သည့်ပုံစံဖြင့် သူ့မျက်နှာကို အသေးစိတ်စိုက်ကြည့်တယ်။ ဒါပေမဲ့ Matthew ကော်ဖီအေးကိုတစ်ငုံသောက်လိုက်၍ ရယ်စစမျက်နှာထားနှင့်

" ဒါပေါ့။ မင်းက တရားခံရှာမယ်ဆိုတော့ လူဆိုးဖမ်းတဲ့လူမို့လား။ စုံထောက်လား ဟား ဟား ဟား "

သူ့ဗိုက်ကိုအသာနှိပ်ပြီး သဘောကျစွာရယ်မောနေသည်။ တကယ်ရယ်ရတာပဲ။ ဇာတ်လမ်းတွေကြည့်ရတာထက် ပိုပြီးရယ်နေရတယ်။ သောက်ကျိုးနည်း ဟာသပဲ။

မူလကတော့ Leonသည်းခံနိုင်ပေမယ့်နောက်ပိုင်း သူ မရတော့ချေ။အရင်တပတ်က သူ့မှာအသေမနည်းတောင်းပန်ပြီး ဒီအခြေအနေဖြစ်အောင် ညှိယူထားရခြင်းမှာ ဒီလိုလှောင်ရယ်ခံရဖို့မဟုတ်ဘူး။ သူ့ခေါင်းထဲမှာ Matthewနှင့်အဆင်ပြေဖို့သာရှိသည်။

သူ့ကိုကြည့်ပြီးရယ်မောသော လူဟာ Matthewမို့သာ အလျော့ပေးမိတာ။ နို့မို့ဆို သူသည်းခံနိုင်မှာမဟုတ်ဘူး။ သို့ပေသော် မျက်မှောင်ကြုတ်နေခြင်းဟာ သူ့ဒေါသကိုဖော်ပြနေတယ်။

" ဟန်နီ ဆက်ရယ်နေမယ်ဆိုရင် ကျွန်တော်ဖက်နမ်းလိုက်မှာ "

Matthewမျက်နှာနှင့်နီးကပ်သွားပြီး ခပ်ကျယ်ကျယ်ပြောလိုက်သည်။ ထို့နောက် သူ့မျက်နှာပြုံးဖီးဖီး။

" အရူးလား "

သဘောမပုံရသောMatthewက သူ့ရှေ့မှာချစ်စရာကောင်းနေတော့သည်။ မကျေနပ်ကြောင့် မျက်နှာလှလှထက်တွင်ဖော်ပြသော်လည်း ရယ်မောမနေတော့ချေ။ ကြည့်ရတာ သူ့ကိုလက်လန်သွားပုံရတယ်။ မည်သို့ပင်ဖြစ်ပါစေ Leon  Matthewကိုသဘောကျသည်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Onde histórias criam vida. Descubra agora