Chapter 32🔞

281 8 0
                                    

(ခံစားချက်များ)🔞

ရေချိုးခန်းထဲက မှန်ကိုကြည့်၍ သူ့ကိုယ်သူသုံးသပ်နေမိသည်။ မျက်နှာသစ်၊သွားတိုက်ပြီးတာ မှန်သော်လည်း ညှပ်ရိုးပေါ်က ကိုက်ရာတွေကိုမြင်ရတာမို့ မျက်မှောင်ကုတ်လိုက်တယ်။

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.





ရေချိုးခန်းထဲက မှန်ကိုကြည့်၍ သူ့ကိုယ်သူသုံးသပ်နေမိသည်။ မျက်နှာသစ်၊သွားတိုက်ပြီးတာ မှန်သော်လည်း ညှပ်ရိုးပေါ်က ကိုက်ရာတွေကိုမြင်ရတာမို့ မျက်မှောင်ကုတ်လိုက်တယ်။

ထပ်မံ၍ အင်္ကျီကိုလှန်ကြည့်မိသည့်အခါ မျက်လုံးပြူးရလောက်သော ကိုက်ရာများစွာစုပုံလို့၊ အနီရောင်ရှိသော ထိုအရာများက လတ်လတ်ဆတ်ဆတ်ကြီးရှိသေးကြောင်းဖော်ပြတယ်။ သူ့ရင်ဘတ်က ပန်းနုရောင်အဖု တစ်ဝိုက်မှာ ကိုက်ရာက အကွင်းလိုက်ကြီး။ 
သူ့ကိုယ့်သူ မှန်ထဲမှာကြည့်မိနေတာကို Matthew မယုံနိုင်သေးဘူး။

သူဆေးစွဲနေခဲ့လို့ အားကစားမလုပ်ဖြစ်တာ ကြာရှည်ခဲ့ပြီမို့ ပေါင်မုန့်(abs)ဆိုတဲ့ဟာကြီးလည်း ပျောက်ကွယ်လုနီးပါး။ လုံးဝမရှိတော့တာ ထက်စာရင် ယခုလိုရေးရေးရှိနေတာ တော်သေးတာပေါ့။

သို့ပေသည့် လက်ရှိအခြေအနေမှာ ခန္ဓာကိုယ်ကို ရစရာမရှိအောင် ကလိသွားတဲ့ လူသားကို ရန်ရှာဖို့ပဲရှိတယ်။ သူ ဒေါသအပြည့်ဖြင့် နီးရာတပတ်ကို ယူကာ အမြန်သုတ်သည်။ ထို့နောက်  မှန်ထဲက သူ့ပုံရိပ်သူ ကောင်းကောင်းပြန်ကြည့်မိတယ်။





အိမ်အောက်ကို ဆင်းခဲ့တော့ ဧည့်ခန်းကျယ်ကြီးမှတစ်ဆင့် မီးဖိုခန်းကိုတိုက်ရိုက်မြင်ရသည်။ ထိုမီးဖိုခန်း၌  မနက်စာကို သေချာပြင်ဆင်နေသည့် Leonကတော့ သူ့ကိုတွေ့ပုံမရဘူး။
သူ့ဘာသာ အေးဆေးလုပ်စရာရှိတာကို လုပ်နေတယ်။

သို့သော် Matthew မျက်နှာထက်က ဒေါသထွက်ခြင်းကို ထိန်းချုပ်မရ။ ခြေလှမ်းကျဲကြီးနှင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး Leonကို ထုရိုက်ချင်စိတ်က တဖွားဖွား။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Onde histórias criam vida. Descubra agora