Chapter 15

117 10 0
                                    

(အလုပ်ပြီးရင်းအလုပ်)




နောက်ဆုံးတော့လည်း ဒီလရဲ့
အဖွဲ့လိုက်လှုပ်ရှားမှုအချိန်ဇယားကုန်ဆုံးသွားခဲ့သည်။ collaboration သီချင်းအသစ်ကလည်း နောက်မှထွက်မှာမို့ ဒီကြားထဲ Matthew နားချိန်တွေရဦးမယ်ထင်တယ်။

မရောက်တာကြာပြီဖြစ်တဲ့ အိမ်ထဲမှာ ဖုန်တွေကပ်နေလောက်ပြီ။ သူ ဒီကိုရောက်ရှိလိမ့်မယ်လို့ ကြိုတင်မတွေးမိဘူး။ ဒါပေမဲ့ ယခုလည်းအဆင်ပြေပါတယ်။နောက်မှ အိမ်သန့်ရှင်းရေးကုမ္ပဏီကို ဖုန်းဆက်ပြီး သန်ရှင်းရေးလုပ်ခိုင်းရုံပဲလေ။

လျော်ရမယ့် အဝတ်နှင့် သူထိုင်မယ့် ဆိုဖာကို သုတ်လိုက်သည်။ ပြီးနောက် ထိုနေရာမှာ အားရပါးရထိုင်၍ အနားယူနေလိုက်သေးတယ်။

ပြူတင်းပေါက်အကုန်အစင်ဖွင့်ထားသည့်အတွက် သဘာဝလေက အနည်းငယ်ပူလောင်နေတယ်။ ဒါပေမဲ့ အဲ့ထက်ဆိုင်ရင် သူ့မှာ ဘာအပူမှမရှိတော့တာ ခံသာပါတယ်။

Matthew မဖန်တီးရင်တောင်မှ အနှောင့်အယှက်ကောင်ကို မတွေ့ရတော့တာ ဘယ်လောက်တောင်ကောင်းလိုက်လဲ။ စိတ်ရှုပ်စရာလည်း ဆက်လက်မရှိတာမို့ အရင်တုန်းကနေ့ရက်တွေလို သာသာယာယာနှင့် အဆင်ပြေလှသည်။

သူ ပျော်မိ၍ အားရပါးရပြုံးနေခဲ့တယ်။ သို့သော်လည်း စားပွဲပေါ်က ဖုန်းခေါ်ဆိုမှုကြောင့် အမြန်ကိုင်လိုက်ရတယ်။ မွေးစားအစ်ကို Warenဆီက ခေါ်ဆိုလာတာမို့ မကိုင်လို့မဖြစ်ဘူး။

[ ဒီနေ့အားလား ]

" အားတော့ အားတယ် ဒါပေမဲ့..."

သူ့အသံတွေတိုးသွားတာမို့ တစ်ဖက်က မကျေနပ်စွာ အသံကျယ်ကျယ်ထွက်လာတယ်။

[ အားရင် အိမ်လာခဲ့လေ။ မေမေကောအဖေပါ မင်းကိုတွေ့ချင်နေတာ ညစာလာစားလေ ကိုယ်လာခေါ်ရမလား ]

အကြောင်းပြချက်မရှိစွာ သူပြုံးမိလိုက်တယ်။ ဒါပေမဲ့ ချက်ချင်း ရုပ်တည်သွားပြီး ဖုန်းခေါ်ဆိုမှုကို ဆက်လက်သည်။

" ကျွန်တော်လာချင်တာပေါ့။ အချိန်ဇယားတွေက ပုံသေမရှိသေးလို့  သေချာသိရရင် ဖုန်းပြန်ဆက်လိုက်မယ် "

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Opowieści tętniące życiem. Odkryj je teraz