Chapter 64

78 4 0
                                    

(ဆုံးဖြတ်ချက်)



မနက်စာအတူစားနေကြရင်း Matthewဆီက စကားသံထွက်လာ၍ ကော်ဖီသောက်နေတဲ့ Warenတောင် အံ့ဩမှင်တက်ရသည်။

" ဘယ်လိုပြောလိုက်တာလဲ "

" ကျွန်တော် အလုပ်လုပ်ချင်တယ်။ အိမ်မှာဒီတိုင်းနေရတာပျင်းလွန်းတယ်။ စမ်းပြီး Castingတွေဖြေကြည့်မယ်လေ "

" ကိုယ်ကတော့ မင်းသဘောအတိုင်းပဲ။ ဒါပေမဲ့ ကုမ္ပဏီနောက်ခံမရှိရင် အခက်အခဲရှိတယ်နော် "

" ဘယ်တတ်နိုင်မလဲ။ အစကနေပြန်စရမှာပေါ့ "

အားတက်သရော ပြုံးပြ၍ လက်ထဲက ပေါင်မုန့်ကိုကိုက်ဝါးရင်း Matthewကျေနပ်နေတော့သည်။ သူ ဒီအလုပ်ကိစ္စနဲ့ ပတ်သတ်ပြီး အများကြီး၊အများကြီးတွေးတောခဲ့ရတာ။ နောက်ဆုံးတော့ အလုပ်နဲ့ထိတွေ့ရတော့မယ်ဆို သိပ်ကျေနပ်နေမိသည်။

ပထမဦးစွာ သူ သရုပ်ဆောင်အလုပ်ကိုအရင်စကြည့်မယ်။ သီချင်းအတွက်တော့ ဖြေးဖြေးချင်းမှစီစဉ်မယ်။ ဒါပေမဲ့အဓိကဟာ သူ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုခုနဲ့ စာချုပ်ချုပ်တာကောင်းမယ်ထင်ရဲ့။

သူ့ဤသို့တွေးနေစဉ် အစ်ကိုကြီးWarenရဲ့စကားတစ်ခွန်းက နားထဲဝင်ရောက်လာသည်။

" အကယ်လို့ ကုမ္ပဏီမတွေ့သေးရင် ကိုယ့်အသိ သရုပ်ဆောင်Agencyနဲ့ မိတ်ဆက်ပေးရမလား "

" မ မလိုပါဘူး။ ကျွန်တော်ဘာသာ လုပ်လို့ရပါတယ် "

Matthew ထိုအကူအညီကိုငြင်းဆန်ရင်း သူ ခပ်နွေးနွေးကော်ဖီကို တစ်ငုံသောက်မိသည်။ အမြဲတမ်းတစ်ယောက်တည်း စားနေကျမနက်စာဟာ ယခုတော့ အစ်ကိုကြီးနဲ့အတူ ထိုင်စားနေရပြီ။ အထီးကျန်မှုပြေလျော့သော်လည်း သူရင်ထဲတင်းကျပ်လျက်။

" အင်း။ ဒါဆို ကိုယ်အလုပ်သွားတော့မယ်​။ အကူညီလိုရင် ကိုယ့်ကိုဖုန်းဆက်လိုက် "

Warenသည် Matthewကို အကူအညီမှန်သမျှပေးချင်တဲ့လူ။ ဒါပေမဲ့လည်း သူထင်တာထက် Matthewကမာနကြီးလွန်းတယ်။ လက်မခံပဲ တွန်းထုတ်ခံလိုက်ရတယ်လေ။သို့ပေမယ့်  ကိုယ်တိုင်က ဒီကလေးကိုသိပ်ချစ်လို့ ဘယ်အခြေအနေမဆို ကူညီဖို့အသင့်ပဲ။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Kde žijí příběhy. Začni objevovat