Chapter 86

70 5 0
                                    

(ဘဝရဲ့အစစ်အမှန်ကိုရှာတွေ့ခြင်း၂)


" ဝေးလိုက်တာ ဘာလို့ဒီနေရာထိလာပြီးလှူရတာလဲ "

Matthewမကျေနပ်စွာ ပြောပြီး ခန္ဓာကိုယ်ပေါ်ကချွေးတွေကို သုတ်သင်ကာ လက်ထဲကရေဘူးကိုမော့သောက်လိုက်သည်။

လက်ရှိရောက်နေတဲ့နေရာကကျေးရွာတစ်ခုလို့ဆိုသော် သူ့အနေဖြင့်ထိုသို့ သတ်မှတ်လို့ပင်မရဘူး။ အလွန့်အလွန်တောကျပြီး စိတ်ရှုပ်စရာကောင်းလှတယ်။ နေရာကလည်း ကားတောင်မနည်းစီးရရုံမက လမ်းခရီးကကြမ်းတမ်းလွန်းတယ်။ ဒါကို Leonဘာကြောင့်ရွေးချယ်ခဲ့မှန်း သူ,မသိ။

မြို့ထဲမှာ ဂေဟာတွေမှတစ်ပုံကြီးကို ဘာလို့တောအရပ်ကိုမှရွေးပြီးလာရပါလိမ့်။ အကုန်လုံးစီစဉ်တဲ့Leonကို  တကယ်ကြီးဒေါသထွက်လာပြီ။

အားလျော်စွာသူတို့ ဂေဟာရဲ့ဆိုင်းဘုတ်ကိုသာမြင်ရသေးလို့တော်ကာကျတယ်။ နို့မို့ဆို Matthewရဲ့ဘယ်တော့ရောက်မလဲဆိုတဲ့အသံတစ်စာစာကိုကြားရအုံးမှာ။ ဒါပေမဲ့ Leonသည် Matthewလက်ကိုတွဲယူ၍ အတူလမ်းလျှောက်သည်။

" မောင်လည်း အစကတော့မြို့ထဲကဂေဟာတွေဆီသွားမလို့ပဲ။ ဒါပေမဲ့ Phllipပြောပြတာက ဒီလိုခက်ခဲတဲ့နေရာကိုလူတွေမသိကြလို့ အလှူလုပ်ရင်ဒါကပိုကောင်းမယ်တဲ့။ ဒါတောင် သူ့ကောင်မလေးပြောမှသိတာ "

" သူ့ကောင်မလေးက ရူးနေပုံပဲ။ ဒီလောက်ဝေးတာကိုမှအကြံလာပေးရလား "

" ဟန်နီရယ် စိတ်မပူပါနဲ့။ ဒီပစ္စည်းတွေလှူပြီးရင် ပြန်လာလို့ရတယ်။ပင်ပန်းရင်ပေါ့ "

Leonမျက်နှာကိုထပ်မကြည့်တော့လို့ Matthew သက်ပြင်းချပြီး ညောင်ူညာမေတဲ့ခြေတောက်တွေဖြင့် ထိုနေရာသို့သွားလိုက်သည်။ သူတို့နောက်မှာ Leonခေါ်လာတဲ့လူတွေဟာ ဆိုင်ကယ်တွေနှင့်ပစ္စည်းတွေတင်ဆောင်လာကြတယ်။ ပညာရေးအတွက်သာမက အရေးကြီးသောဆေးဝါးနှင့် စားစရာများစသည်တို့ကို Leonယူလာခဲ့သည်။

ဒီလိုဆိုမှတော့ သူထင်သလောက် Leonကမဆိုးသေးပါဘူး။ သို့ပေမယ့် နှလုံးသားလေး မာကျောလျက်ရှိနေတာက သူကိုယ်တိုင်သာဖြစ်နေတယ်။ သူဟာ မိဘမဲ့ဖြစ်သော် အချိန်ကြာတော့ ဘဝကိုပင်မေ့ချင်လာပြီထင်ရဲ့။




Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Donde viven las historias. Descúbrelo ahora