Chapter 90

113 5 0
                                    

(ရော့ခ်ဂီတပွဲ)


ဒီဇင်ဘာလကုန်ဆုံးဖို့ တစ်ရက်သာလို့တော့သည်။ အထူးတလည်ပြောရရင်ဖြင့် နှစ်သစ်ရောက်ရန်တဖြေးဖြေးနီးကပ်လာခဲ့သည်။ အချိန်တွေက အလျှင်အမြန် ကုန်ဆုံးခဲ့မှန်းသေချာမသိသေးခင်မှာ တစ်နှစ်ဆိုတာကြီးကပြီးဆုံးခဲ့ပြီ။

သေချာစဉ်းစားကြည့်ရင် ဒီတစ်နှစ်လုံး Matthew ထူးထူးထွေထွေမလုပ်ဖြစ်။ လက်ထဲမှာလည်း ပိုက်ဆံအနည်းငယ်သာရှိပြီး ပိုင်ဆိုင်မှုဆိုလို့ ပြစရာပင်မရှိဘူး။ သို့ပေမယ့် အချစ်ရေး၊နှလုံးသားရေးတွင်မှု တိုးတက်မှုကအများကြီး။ သူနဲ့Leon အဆင်ပြေလာတဲ့အပြင် နှလုံးသားလေးလည်း ဒါဏ်ရာတွေကနေ ကုစားနိုင်ခဲ့တယ်။

စဉ်းစားကြည့်ရင် လက်ဆုပ်လက်ကိုင်မပြသနိုင်ပေမယ့် ပိုင်ဆိုင်သင့်တာတော့ပိုင်ဆိုင်ထားပါတယ်။ သူဖုန်းထဲက ပြက္ခဒိန်ကိုကြည့်နေစဉ် နံဘေးမှာထိုင်နေသောLeon သူ့ကိုဖက်တွယ်လာသည်။

ခါးကိုအတင်းဖက်ကာ ဂုတ်ပိုးကိုအသာယာနမ်းရှိုက်သည်။

" ဘာလုပ်တာလဲ။ ဒီနေ့အလုပ်မရှိဘူးလား "

" ဟန်နီကမောင့်ကိုအလုပ်ချည်းသွားခိုင်းနေတာပဲ။ အတူတူချစ်ကြမယ်လေ "

" နှာဘူးကောင် ဖယ်စမ်းပါ "

ပုံမှန်ဆို Matthewဘာမှပြောမှာမဟုတ်ဘူး။ ဒါပေမယ့် ဘောင်းဘီထဲထိလက်ဝင်ရောက်လာတဲ့အခါ သူဒီမြေခွေးကောင်ကိုပြောမှဖြစ်တော့မယ်။ မနေ့တုန်းကလည်း ခန္ဓာကိုယ်တွေနာကျင်ရတဲ့အထိလုပ်ထားပြီးပြီကို။ ဒီလိုကျ သူ့ကိုနှိပ်စက်ရာမကျဘူးလား။

သူ မကျေနပ်စွာ ထိုကောင်လေးအားကြည့်လိုက်ပြီး အားငယ်တဲ့အသံလေးဖြည့်စွက်သည်။ဒါမှလည်း ဒီနှာဘူးကောင်ကိုတားနိုင်မှာ။

" မလုပ်နဲ့ကွာ။ မင်းငါ့ကိုမသနားဘူးလား "

" အိုကေပါဗျာ။ ဟန်နီနေမကောင်းသေးရင်လည်း မောင်ရပ်လိုက်ပါ့မယ်။ ဒါနဲ့လေ ညနေအားလား အားရင်မောင်တို့တစ်နေရာသွားရအောင် "

Leonသည် သူနှင့်မျက်နှာချင်းဆိုင်လိုက်ရင်း ကိစ္စတစ်ခုခုကိုပြောတော့ ရင်ထဲမှာသိချင်စိတ်မြင့်တက်နေတယ်။ သို့ပေမယ့် နာကျင်နေတဲ့ သူ့ခန္ဓာကိုယ်လေးကို ဘယ်လိုလုပ်ရပါ့။ ရုတ်တရက်ချက်ချင်းခေါင်းထဲရောက်လာသည်က Leon၏ဖခင်ကိစ္စဖြစ်တယ်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Donde viven las historias. Descúbrelo ahora