Chapter 49

81 7 0
                                    

(အရူးတစ်ယောက်လို)


ဆောင်းတွင်ရောက်လာတော့မှာမို့ အအေးဓာတ်ကိုစတင်ခံစားနေရသည်။ နေသာသော နေ့တစ်နေ့ဖြစ်၍အပြင်ထွက်လည်ဖို့အကောင်းဆုံးအချိန်။ တစ်ချို့ကတော့  ဒီချိန်ဆို ပျော်ပွဲစားထွက်နေကြမယ်ထင်တယ်။

သို့သော် လတ်တလော Full albumအတွက်အလုပ်ရှုပ်နေတာမို့ ဒီကြားထဲ ကုမ္ပဏီမှာချည်းအချိန်ကုန်ဖြစ်တယ်။ ရိုက်ကူးရေး ဘာညာပြီးဖို့ နည်းနည်းပဲလိုတော့သည်။ မနက်ဖြန် ကြော်ငြာအတွက် ရိုက်ကူးရေးတစ်ခု၊နှစ်ခု ပြီးရင် အားလပ်ရက်ရပြီထင်ပါရဲ့။

ဒီနေ့လုပ်စရာအလုပ်ပြီးသွားလို့ အဆောင်မှာပြန်နားနေခဲ့ကြတယ်။ ကံအားလျော်စွာ မနက်ခင်းတစ်ပိုင်းတည်းမို့ အဆင်ပြေသည်။  ပြန်ရောက်တာနဲ့ အဖွဲ့ဝင်တစ်ချို့ဟာ ပြန်အိပ်ဦးမယ်ဆိုပြီး အိပ်ခန်းထဲပြေးဝင်သွားတယ်။

တက်ကြွသော Adamကတော့ သူငယ်ချင်းတွေနဲ့အပြင်ထွက်လည်သည်။ Jinnoလည်း အားလပ်တုန်း ရည်းစားနဲ့ ချိန်းတွေ့သည်တဲ့။ ဒီတော့ Matthewနှင့် ကျန်နှစ်ယောက်သာ အဆောင်ထဲကျန်ရစ်သည်။

အားတုန်းလေး ပင်ပန်းခဲ့သမျှကို အိပ်ခြင်းနဲ့ အစားထိုးမယ်လို့လုပ်ခဲ့ပေမယ့် Benအတွက်တော့ မဟုတ်ဘူးထင်တယ်။ သူ့မှာ ရှယ်အိပ်မယ်လို့ ကြံစည်ထားပေမယ့် အိပ်ရာပေါ်ရောက်တော့ တစ်စက်မှ အိပ်ချင်မနေဘူး။

လုံးဝကို ကြောင်တောင်တောင်နိုင်သည်။ ထို့အတွက် Benလည်း ဆက်အိပ်မနေချေ။ စားသောက်လိုက်ဦးမယ်ဆိုကာ သူ့အခန်းထဲမှထွက်ခဲ့သည်။

မီးဖိုခန်းကိုသွားဖို့ရန် အမြဲတမ်းလိုလို ဧည့်ခန်းကို ဖြတ်သန်းရတယ်။ သူလည်း ဧည့်ခန်းကိုကျော်လွန်ကာ မီးဖိုခန်းကိုဦးတည်လျက်။ သို့သော်  ဧည့်ခန်းထဲက တစ်စုံတစ်ယောက်ကြောင့် Ben အံ့ဩရသည်။

သူငယ်ချင်းဖြစ်သော Matthewသည် တီဗီဖွင့်ထားလျက် ငိုနေတယ်။ ဇာတ်လမ်းကများ ငိုရလို့လားဟု ထင်မှတ်ကာ ထိုအနားသို့သွား၍ လေ့လာမိသေးသည်။

တကယ်ကြီးငိုရတဲ့ဇာတ်လမ်းအမျိုးအစားပဲ။ ဒါပေမဲ့ အဲ့လောက်ကြီး Matthew ငိုသလိုမျိုး အရမ်းဝမ်းနည်းစရာကောင်းလောက်အောင်တော့ မဟုတ်ပါဘူး။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Donde viven las historias. Descúbrelo ahora