Chapter 78🔞🔞

268 5 0
                                    

(မကောင်းဆိုးဝါးနှင့်တစ်ညတာ🔞🔞)



[Warning - ဤအပိုင်းတွင်ကြမ်းတမ်းရိုင်းစိုင်းခြင်းတွေများလွန်းပါသည်။ BDSM ဇာတ်ဝင်ခန်းအနည်းငယ်ပါရှိတာမို့ အသက်မပြည့်သူများနှင့် စိတ်အဆင်မပြေသူများမဖတ်သင့်ပါ။ လုံးဝတားမြစ်ပါရစေ။]



" တင်းတောင် တင်းတောင် "

Matthewအတွေးတွေ ထိုလူခေါ်ဘဲလ်သံကြောင့်လွှင့်စင်ကုန်၍ ပတ်ဝန်းကျင်ကိုသတိထားမိသွားတယ်။ နာရီကိုတစ်ချက်ကြည့်လိုက်သလို ဆူညံသည့်ညည်းညူသံ ထွက်နေသောဗီဒီယိုကိုလည်း ပိတ်လိုက်သည်။ ဧကန် သူ မကြည့်မိဘဲLeonအကြောင်းချည်း တွေးနေသည်ကိုး။

အဆက်မပြတ်မြည်လာသော လူခေါ်ဘဲလ်သံမဟုတ်ပေမယ့် Deliveryလာမယ်ဆိုတာ သူသိလိုက်တယ်။ အမြန်ပဲ ထိုင်ရာမှထ၍ တံခါးဖွင့်သည်။ ထင်တဲ့အတိုင်း ပစ္စည်းလာပို့သူဟာ လက်ခံကြောင်းလက်မှတ်ထိုးခိုင်းပြီး သူ့လက်ထဲသို့ ခပ်ကြီးကြီးဂျက်ဖာတစ်ခုပေးသွားသည်။

အလွန့်အလွန်လေးလံမနေဘဲ ပေါ့ပါးသည်မို့ သူအသာကိုင်ရင်း တံခါးပိတ်ကာ အခန်းထဲဝင်လာခဲ့တယ်။ အတွေးထဲ ဘာမို့လို့ Leonမှာယူသလဲ သိချင်စိတ်များကကြီးစိုးနေသည်။

လောလောဆယ်Leon အိမ်ရောက်မလာခင် သူဖွင့်ကြည့်လိုက်မယ်ဆိုရင်ကော။ သူသိသလောက် Leonက သူ့ကိုဆို အလျော့ပေးတတ်ပြီး သိပ်မဆူဘူးလေ။ အကယ်၍ ဒီကိစ္စကြောင့်ဒေါသထွက်ရင်လည်း သနားကမားလုပ်ပြလိုက်မယ်။ သူ့အကြံပိုင်ပြီဆိုမှ ဆိုဖာပေါ်ထိုင်ကာ ထိုဂျက်ဖာကိုဖွင့်ဖောက်တော့သည်။

Matthew မျက်နှာတစ်ခုလုံးနီမြန်းလာပြီး သူ့လက်တွေလည်း တစ်ဆတ်ဆတ်တုန်ရီလို့။ မျက်လုံးလှလှတွေမှာ ကြောက်ရွံ့မှုထင်ဟပ်ကာ လက်ထဲကထိုအရာအား ကြမ်းပြင်ပေါ်ချလိုက်တယ်။

" ခွေးမသား Leonဘာတွေကြံနေတာလဲ "

ခပ်ကျယ်ကျယ်အော်လိုက်မိပေမယ့် အခန်းတစ်ခုလုံးတိတ်ဆိတ်ကာ ဘယ်သူမှ သူ့စကားကိုမတုန့်ပြန်ချေ။ Matthew ကြောက်တယ်သာပြောပေမယ့် သူ့လက်များဟာ ထိုအရာကိုကိုင်တွယ်မိ၍ တစ်ခုချင်းစီဆွဲထုတ်မိသည်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Où les histoires vivent. Découvrez maintenant