Chapter 14

125 13 0
                                    

(သိုးယောင်ဆောင်သောမြေခွေး)






ဒီနေ့လည်းထပ်ပြီးရောက်ရပြန်ပြီ။ ဘယ်နေ့အထိ ဒီအသံသွင်းတာကရပ်သွားမှာလဲ။ မနေ့ကတည်းက စိတ်မကြည်လင်ပါဘူးဆိုမှ အခုဆိုရင်တော့ ပြောမနေနဲ့ အဲ့မျိုးမစစ်ကောင်လာရင် သေသွားအောင် ကန်ထည့်ပစ်မှာ။

Matthew ထိုသို့စဉ်းစားထားပြီး ဘေးဘီက အဖွဲ့ဝင်တွေပြောနေတဲ့ စကားဝိုင်းကိုနားထောင်နေမိတယ်။

" နေ့လည်စာ ဘာစားမလဲ။ ကျွန်တော်အနောက်တိုင်းစတိုင်လ် စားသောက်ဆိုင်ကိုတွေ့ထားတယ် "

" ဒီမှာ ချိစ့်ပီဇာတောင်သိပ်မကောင်းပဲ။ မစားချင်ပါဘူး "

အမေရိကန်နိုင်ငံသားBenက နှာခေါင်းရှုံပြီး Adamရဲ့ အဆိုကိုပယ်ချလိုက်တယ်။ သူ့အတွက် အရသာအစစ်အမှန်မဟုတ်တဲ့ ဒီအရပ်မှာမနေချင်ဘူး။ အဲ့ဒီအစား ဒီက ရိုးရာအစားအစာကိုပဲစားပစ်မယ်။

Jinnoအတွက်ကတော့ ဘာပဲစားရစားရ ကိစ္စမရှိဘူး။အဓိက,က ဗိုက်ဝဖို့ပဲမလား။ ဒါပေမဲ့နားမလည်တာက ဘာကြောင့် အစ်ကိုAdamနဲ့Benက တစ်နေ့တစ်နေ့ဘာစားမလဲဆိုပြီး တွေးနေကြတာလဲ သိချင်မိသေးသည်။

U.Do က ဘာပဲဖြစ်ဖြစ်ကိစ္စမရှိတဲ့လူ။ သီချင်းကိစ္စနှင့် ဖက်ရှင်ကိစ္စကလွဲရင် ဆိုပြေအိုကေ။ Matthewလည်း ထိုသူစကားတွေကိုနားထောင်နေပေမယ့် နားထဲရောက်ပြီး ထွက်သွားတာကများတယ် ။ သူ ဒီစကားဝိုင်းထဲပါချင်ပေမယ့် ဘယ်ကစလို့စရမလဲ စဉ်းစားလို့ကိုမရဘူး။

" Matthewမင်း Adamပြောတဲ့ဆိုင်သွားမှာလား "

" ဘာဆိုင်မို့လို့လဲ "

သူ့အမေးကိုကြားတော့ U.Doက ခွီးကနဲထရယ်သည်။ ဟုတ်တော့ ဟုတ်သား သူတို့ဆွေးနွေးနေတုန်း အထက်တန်းစားMatthewကိုမေ့လျော့နေခဲ့တယ်။

" Social Mediaမှာ အပြောများတဲ့ အီတလီစားသောက်ဆိုင်လေ ။ Reviewကတော့ 5stars အပြည့်ပဲ။ ဆိုင်အပြင်အဆင်က လုံးဝအလန်း အစ်ကိုကြိုက်မှာသေချာတယ် "

" အိုကေလေ အဲ့ကိုသွားကြတာပေါ့ "

Matthew နေ့လည်စာအတွက် သဘောတူပြီးလို့မကြာလိုက် ဘေးက Benနှင့်ခပ်လှမ်းလှမ်းက Adam နှစ်ယောက်သား စကားများနေကြသေးတယ်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Nơi câu chuyện tồn tại. Hãy khám phá bây giờ