Extra 5🔞

191 5 0
                                    



[ ⚠️အောက်ပါဇာတ်ဝင်ခန်း၌ မသင့်လျော်သော စကားလုံးများပါဝင်တာမို့ အသက်မပြည့်သူများ ဖတ်ရှုရန်လုံးဝမသင့်လျော်ပါ။🔞 ]

ညချမ်းအချိန်ဖြစ်၍ အတိအကျဆိုရလျှင် 9:07မိနစ်ရှိနေပြီ။ သို့သော်လည်း ယခုချိန်ထိတိုင်အောင် အိမ်မပြန်ဖြစ်သေး။ ဒီကနေ့ တစ်နေ့လုံး ဟိုသွားဒီသွားနှင့်မို့ အရမ်းကြီးပင်ပန်းတာမျိုးလည်းမဟုတ်ပြန်။

အမှောင်ကျနေပေမယ့် အများပိုင်းပန်းခြံထဲမှာ လူတွေရှိနေတုန်းပဲ။ သို့သော် လက်ချိုးရေတွက်လို့ရတဲ့ အရေအတွက်လောက်သာ။ LAက လည်ပတ်စရာများတာမို့ ဤကဲ့သို့သော ဘာမှထူးထူးထွေမရှိတဲ့ပန်းခြံဟာ လမ်းလျှောက်ဖို့ရန်၊အားကစားအတွက်သာ ရောက်လာကြသူများသည်။

သို့ပေသော် မည်သည့်အကြောင်းပြချက်ကြောင့် Leon ဒီကိုခေါ်လာမှန်း Matthewမသိဘူး။ အမှန်ဆို clubတွေ barတွေဆီခေါ်သွားရမှာလေ။ ဒါကတော့ လွန်လွန်းပါတယ်။ z cityမှာလိုမျိုး မကောင်းတာတွေမလုပ်ရတော့ ပိုက်ဆံမလောက်လို့ ကပ်စေးနှဲသွားတာလား။ဒါပေမဲ့ သူဟာ Leonနဲ့လက်ထပ်ထားတဲ့ခင်ပွန်း မဟုတ်လား။ အခုလိုကျ ရက်စက်လိုက်တာ။

"အိမ်မပြန်သေးဘူးလား။ ငါပျင်းသေပြီ "

" သန့်စင်ခန်းသွားရအောင် "

ဘေးဘီမှာထိုင်နေသည့် Leonဟာ သူ့လက်ကိုဆွဲယူကာ မတ်တတ်ရပ်လိုက်သည်။ မျက်ဝန်းအညိုရောင်တွေက ဘာကိုဆိုလိုမှန်း သူမခန့်မှန်းတတ်ဘူးရယ်။

" ဘာလို့လဲ။ မင်း အပေါ့သွားချင်လို့လား "

Matthewစကားကို ပြုံးရယ်ပြပြီး ခေါင်းခါသည်။ ထို့နောက် လွတ်လပ်နေသောကျန်လက်တစ်ဖက်က ချောမောသော Matthewမျက်နှာကိုထိကိုင်၏။

" ကျွန်တော် တကယ်မထိန်းနိုင်တော့ဘူး။ ဟန်နီက ချစ်စရာကောင်းတယ် "

" ဘာ ဘာလို့ချစ်စရာကောင်းရမှာလဲ။ ပြီးတော့ ဒါကpublicမှာကြီး လုပ်ချင်ရင်တောင် အိမ်ပြန်မှလုပ် "

" ဟန်နီ မောင့်ကိုကြည့် "

Matthew Leonလက်များကိုဖယ်ရှားပေမယ့် ထိုအမျိုးသားငယ်ဟာ သူ့မျက်နှာကိုထိကိုင်လာသည်။ ညင်သာစွာ မဟုတ်ပဲ မေးရိုးများကို အကြမ်းပတမ်းထိကိုင်ထားတယ် မဟုတ်လား။ သူ Leonအကြောင်းသိတယ်။ ရမ္မက်ကြီးတဲ့အပြင် နောက်ပိုင်း ဒီကိစ္စကြောင့်လူသူတွေကို ဂရုမစိုက်တတ်တော့ဘူး။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Onde histórias criam vida. Descubra agora