Chapter 58

109 11 0
                                    

(တောင်းပန်စကားများ)


နွေရာသီမနက်ခင်းလေး အစပြုလျက် နေ့ရက်သစ်ကို ရွှင်လန်းလန်းဆန်းစွာ ဖြတ်သန်းသင့်တာပေါ့။ မနေ့ညက လိုက်ကာပိတ်ဖို့ မေ့လျော့သွားခဲ့တာမို့  နေရောင်ခြည်စူးစူးက အိပ်ခန်းထဲဝင်ရောက်လာခဲ့သည်။ ယင်းနည်းတူ လူသားလေး အိပ်ပျော်နေသော ကုတင်ပေါ်ကျရောက်၏။

​ဤသို့စူးရှလှသော သဘာဝနေရောင်ကြောင့်လော၊သို့မဟုတ် ပုံမှန်ဖြစ်နေတဲ့အချိန်ကြောင့်လော ။ Matthew နိုးထနေကျ ပုံမှန်ဖြစ်သလိုမျိုး နိုးထလာခဲ့သည်။ ညဉ့်နက်မှ အိပ်ပျော်သော်လည်း မနက်လင်းတော့ ဘာမှမဖြစ်သလို အိပ်ရာထတယ်။

သူ့နေ့စဉ်လုပ်နေကျ အစီအစဉ်အတိုင်း ခန္ဓာကိုယ်သန့်ရှင်းရေး လုပ်ပြီး၍ ဧည့်ခန်းထဲသို့ထွက်လာသည်။ ရေချိုးပြီးခါစမို့  သူ့ဆပ်ပြာရနံ့က အခန်းတွင်းပျံ့နှံ့နေသည်။ နွေရာသီဖြစ်တာမို​့  Matthewပေါ့ပေါ့ပါးပါးအဝတ်စားသာဝတ်ထားတယ်။

အမှန်တော့ Matthewမရည်ရွယ်ခဲ့ဘူး။ ဒါပေမဲ့လည်း အစ်ကိုကြီးအလုပ်မသွားရသေးတာနဲ့ကြုံတော့ သူအခွင့်အရေးရခဲ့ပြီ။

Warenက ကုမ္ပဏီသွားဖို့ပြင်ဆင်နှင့်ပြီး မီးဖိုခန်းထဲမှာ ကော်ဖီဖျော်နေသည်။ Matthewလည်းပဲ ထိုသူရှိရာသို့ အမြန်သွား၍

" အစ်ကိုကြီး ကျွန်တော်မေးစရာလေးရှိလို့။ရလား  "

" အင်းပြောလေ "

Warenက ဘာမှဂရုမစိုက်သည့်ပုံစံဖြင့် သူ့အား တစ်ချက်ကြည့်တယ်။ ထို့နောက် ကော်ဖီဖျော်စက်က ကော်ဖီရလာပြီမို့ ထိုထဲတွင်သာ စိတ်ရောက်နေမိသည်။

Matthewအတွက် ထုတ်ပြောရမှာ တွန့်ဆုတ်နေပေမယ့် သူဒါမှမပြောမိရင် နေရခက်ခဲနေမှာ။ ဒါ့ကြောင့် သူ့ကိုယ်သူအားယူမိပြီး အရှက်မဲ့စွာမေးလိုက်တယ်။

" အစ်ကိုကြီးက ကျွန်တော့်ကိုတကယ်ကြီးချစ်နေတာဆို... အဲ့တာမေမေပြောပြတာ "

တစ်စုံတစ်ယောက်ကို အဲ့လိုမျိုးကြီး သူတစ်ခါမှမပြောဖူးဘူး။ ဒါ့ပြင် သူလေးစားရတဲ့ အစ်ကိုကြိီးWarenရှေ့မှောက်တွင်ဆို ပိုဆိုးသည်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Donde viven las historias. Descúbrelo ahora