Chapter 56

90 7 0
                                    

(ဒိုင်ယာရီဟောင်း )





ဒီသီချင်းကို သူကိုယ်တိုင်လက်စသတ်ပေးရမှာမို့ Leonမပြန်ပဲ Recording Roomမှာနေခဲ့သည်။ သူကိုယ်တိုင် ပရိုဂျူဆာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူငယ်ချင်းက အကူအညီတောင်းလာတာကြောင့် သူအကူအညီပေးဖြစ်သွားတယ်။

" Leon မနေနဲ့တော့လေ။ မင်းပြန်နှင့်လည်းရတယ် "

လူမရှိတော့တဲ့ အသံသွင်းခန်းကိုကြည့်နေတဲ့Leon ချက်ချင်းအသိဝင်သွားသလို။ သူ သူ့သူငယ်ချင်းအဆိုတော်ကို တစ်ချက်ကြည့်၍ 

" ဒါဆို ညဉ့်နက်ဦးမှာပေါ့ "

" အေးလေ။ ငါ့သီချင်းအသစ်က အချိန်မှီထွက်မှာလေ  "

" နည်းနည်းစောင့်ခိုင်းလိုက်ပေါ့။ ကြားထဲ မင်းတစ်ယောက်တည်းပင်ပန်းနေမှာ "

တစ်ယောက်တည်း ကုမ္ပဏီအကူအညီမယူဘဲ Independentအဆိုတော်လုပ်နေရတာလွယ်မနေဘူး။ ဒါကို Leonနားလည်တယ်။ ဒါပေမဲ့ သူ့မျက်လုံးတွေဟာ အသံသွင်းခန်းအလွတ်ကိုကြည့်နေမိဆဲ။

အသံသွင်းတာ ဘာညာစတဲ့ သီချင်းကိစ္စတွေကLeonအတွက် အဆန်းကြီးမဟုတ်ဘူး။သို့သော် သူအလုပ်နဲ့ဆက်စပ်တိုင်း Matthewကို သတိရလာတယ်။ ဒီလိုအဖြစ်အပျက်မျိုး အတိတ်ကရှိဖူးသည်လေ။

မည်မျှပင်ဆိုစေကာမူ Matthewကို သူအမြဲတစေ သတိရနေမိတာပဲ။ထို့ကြောင့်လည်း အရင်ကတိုက်ခန်းအဟောင်းကို မရောင်းပစ်နိုင်ခဲ့တာ။ ထိုအိမ်ထဲမှာ သူနဲ့ Matthewရဲ့အမှတ်တရတွေရှိနေပြီး Matthewလည်းပဲ အိမ်ကလျို့ဝှက်နံပါတ်ကိုသိသော တစ်ဦးတည်းသောလူ။

ဘာမှမရှိသော အခန်းလွတ်ကိုကြည့်မိပြီးနောက် Leonရယ်မိကာ အလုပ်ရှုပ်နေသော သူငယ်ချင်းကိုတစ်ချက်ကြည့်သည်။ ဟိုတစ်ယောက်ကတော့ Mixingဆရာနဲ့ သီချင်းအသစ်ကို Arranged လုပ်လို့မပြီးသေးဘူး။

နာရီကိုတစ်ချက်ပြန်ကြည့်မိတဲ့ အခါ ည၁၁ထိုးနေပြီ။ တစ်ညနေလုံး ဒီမှာချည်းအချိန်ကုန်တာမို့ Leonလည်း အိမ်ပြန်ဖို့သင့်တယ်ထင်ရဲ့။ ထိုအခါ သူအားနာမနေတော့ပဲ  Jinnoကို လက်တို့လိုက်သည်။

" ဟေး ဒီမှာဆက်ဖို့အဆင်ပြေလား "

" အင်း ဘာလဲ။မင်းပြန်တော့မှာမလား။ အပြင်ရောက်ရင် ငါ့တို့အတွက် ညဉ့်လယ်စာလေးမှာပေးဦး။ ပိုက်ဆံနောက်မှပေးမယ် "

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Onde histórias criam vida. Descubra agora