Chapter 65

84 6 0
                                    

(ဘာက ပိုအရေးကြီးလဲ)




" မနက်ဖြန် ဒါမှမဟုတ် အားတဲ့နေ့တစ်ရက်ရက်ရှိလား "

အစမ်းသရုပ်ဆောင်ရမယ့် ဝတ္ထုထဲက ဇာတ်ဝင်ခန်းကိုစိတ်ရှည်ရှည်ဖတ်နေစဉ်မှာ အစ်ကိုWaren၏မေးခွန်းကြောင့် လန့်သွားပုံရသည်။ သူ့ခန္ဓာကိုယ်လေးတုန်ခနဲဖြစ်ရပြီး  ခဏအကြာ ဘာမှမဖြစ်သလိုနေကာ

" မနက်ဖြန်တော့ အားပါတယ် "

လက်ထဲက စာအုပ်ကိုအသာပိတ်ပြီး သူဖြေကြားမိတယ်။ Matthewဟာ လူကြီးတွေအပေါ်ဆို ရိုသေတတ်ပေမယ့် သူ့ထက်ငယ်တဲ့လူတွေကိုလေးစားခြင်းမရှိဘူး။ ဒါဟာ သူ့အားနည်းချက်ဖြစ်ပေမယ့် ငယ်ရွယ်သူတွေနဲ့ဆို သူထိန်းချုပ်စရာမလိုတဲ့အတွက် သူ့ရဲ့ မူလစိတ်နေသဘောထားကိုသိနိုင်တယ်​။

မည်မျှပင်ဖြစ်စေ ဘယ်အခြေနေဖြစ်ဖြစ် သူမာနကြီးတာတော့ မပြောင်းလဲနိုင်ဘူး။

သို့သော် Warenမှာ သူMatthewကို ဤအခြင်းအရာတွေကြည့်ပြီးချစ်ခဲ့မိတာမဟုတ်ဘူး။ တကယ့်ကိုရိုးရိုးသားသားဖြူဖြူစင်စင်လေးနဲ့ စချစ်မိတာ။ အဲ့ဒီနောက် ယခုထိချစ်နေတုန်းပဲ။

ဒါကြောင့် Matthewဘယ်လိုနေနေ သူသဘောကျနေမိတယ်။

" ဒါဆိုရင် မေမေတို့နဲ့ ဆိုင်တစ်ဆိုင်မှာနေ့လယ်စာစားကြရင်ကောင်းမလား "

" ဘာလို့လဲ အရင်ကဆို မေမေတို့အိမ်ကိုသွားနေကြလေ "

အမြဲတမ်းလိုလို ဒီလိုပဲကျင့်သုံးလာတဲ့ အစဉ်အလာတွေက ဘာတွေဖြစ်ကုန်တာလဲ။ Matthew အတွက်အံ့ဩသင့်စရာဖြစ်၍ အထူးအဆန်းဖြစ်လို့နေသည်။

ဧကန်မူကား ဘယ်သူမှ မရည်ရွယ်ပေမယ့် Warenက Matthew နေရခက်မှာစိုးလို့ အပြင်မှာနေ့လယ်စာစားဖို့ စီစဉ်လိုက်တယ်။ အစီအစဉ်တစ်ခုဖြစ်၍  ယခုထိတိုင်မလုပ်ဆောင်ရသေးဘူး။ ဒါပေမဲ့လည်း  သူဟာ Matthewအတွက် အဆင်ပြေမယ့်ကိစ္စမျိုးကို ဦးစားပေးဖြစ်မယ်ထင်တယ်။

" ကိုယ့်စိတ်ထင် အိမ်မှာ မင်းအတွက်အဆင်မပြေဘူးထင်လို့။ မေမေ မင်းကိုဖိအားပေးမှာစိုးတယ် "

" ဒါပေမဲ့ အဆင်မပြေရင်လည်း တကူးတကကြီးမပြောင်းပစ်ပါနဲ့ ကျွန်တော်အဆင်ပြေတယ်။ ကိစ္စမရှိဘူး "

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now