All About 𝙏𝙝𝙚 𝘿𝙖𝙧𝙠 𝙉𝙤𝙫𝙚𝙡 and Q&A

139 7 0
                                    



ဒါလေးကို နောင်များမှာ အမှတ်ရနေအောင်လို့ရေးရခြင်းဖြစ်ပါတယ်။

အမှန်တော့ ပထမဆုံးအနေနဲ့ "𝙏𝙝𝙚 𝘿𝙖𝙧𝙠" ကိုရေးဖို့မစဉ်းစားခဲ့ဘူး။ သူ့ရှေ့မှာ နတ်သားဝတ္ထု supernaturalတစ်ပုဒ်ရေးဖို့စဉ်းစားထားပြီးသား။ ဒါပေမဲ့ မထင်မှတ်ဘဲ ဒါကပထမဆုံးရေးဖို့ဖြစ်လာခဲ့တယ်။ တအားထူးဆန်းတာတော့ အမှန်ပဲ။ စဉ်းစားသမျှဇာတ်ကောင်တွေထဲမှာ Leonက အစ်ကိုကြီးပုံစံပေါက်တာမို့ရေးမိတာလား သို့မဟုတ် Leonဇာတ်ကောင်က ထူးခြားပြီးအံ့ဩစရာကောင်းနေတာလားမသိ။ နောက်ဆုံးနောက် တကယ်ရေးဖြစ်သွားတယ်။

ဒီလိုရေးဖို့ဖြစ်လာပြီး စရေးတော့လည်း Matthewဇာတ်ကောင်က ထိန်းချုပ်လို့ရပြီး ခန့်မှန်းလို့ရတယ်။ ဒါပေမဲ့ အဲ့မှာ ထူးခြားနေပြန်တာက Leonဇာတ်ကောင်။ အခက်တကာ့အခက်ဆုံးဖြစ်ပြီး စာရေးသူတောင် တကယ်မှန်းရခက်တာမျိုး။ အစကတော့ ဇာတ်ကောင်တွေကိုထိန်းချုပ်ဖို့လုပ်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ Freedomပေးပြီး ရေးခဲ့ပါတယ်။

ဒီကြားထဲ စာရေးရင်းအားငယ်လာတာမျိုးလည်းဖြစ်လာသေးတယ်။ ဟာ ငါ့ဝတ္ထုက တကယ်ကြီးမထင်မရှားလားပေါ့။ စတဲ့Overthingတွေ အများကြီးကြုံခဲ့ရသေးတယ်။ ဒါပေမဲ့ စိတ်ဖိစီးမှုတော့မရှိခဲ့ဘူး။ အဆုံးထိအပိုင်းအများကြီး updateတဲ့အချိန်မှပဲ စိတ်ဖိစီးမှုဖြစ်လာပြီး အိပ်မပျော်တဲ့အထိခဲ့တယ် ။ တကယ့်ကိုတိုင်ပတ်ရပြီး ကိုယ်တိုင်သတ်မှတ်ထားတဲ့ Deadlineမှာ မပြီးမှာစိုးရိမ်နေတာကိုး။

သို့ပေမယ့်လည်း ဒီဝတ္ထုရေးခဲ့တဲ့ ၄လလုံးကတော့ တကယ့်အတွေ့ကြုံ။တစ်ခါမှ OCမရေးဖူးပေမယ့် အခုတော့ကောင်းကောင်းရေးနိုင်ခဲ့ပါပြီ။ ဒီကြားထဲ တကူးတက Reviewရေးပေးဖို့၊ဖတ်ပေးဖို့ပြောရတာတွေလည်းရှိပါတယ်။ အခုမှစပြီးဒီOCလောကထဲဝင်တော့ ဖတ်ရှုသူတွေလိုအပ်တာတော့ အမှန်။ အရေးထဲ ရေးတဲ့စတိုင်လ်က Localစတိုင်လ်နဲ့မတူပဲကွာပြားနေတာမို့ နည်းနည်းတော့ စိုးရိမ်ရပါသေးတယ်။ ဒါပေမဲ့လည်း ကြိုက်ပေးကြပြီး Reviewပေးကြတဲ့ အယောက်တိုင်းကိုကျေးဇူးတင်ပါတယ်။

အမှန်တော့ စဉ်းစားထားတာ OCကို 2022မှရေးမယ်ဆိုပြီးလုပ်ထားပေမယ့် ဘယ်လိုဖြစ်သွားလဲမသိ 2021မှာစရေးခဲ့မိတယ်။ဒါပေမဲ့လည်း ကြိုက်ပေးကြလို့ အယောက်တိုင်းကိုကျေးဇူးတင်ပါတယ်နော်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Donde viven las historias. Descúbrelo ahora