Chapter 43

79 9 0
                                    

(ပြောင်းလဲလာတဲ့သူ)


လက်ထဲမှာ လက်ဆောင်ထုပ်အနည်းအကျဉ်းကိုကိုင်ထား၍ အိမ်ရှေ့မှာရပ်စောင့်နေမိတယ်။ လက်ဆောင်ဆိုလို့ အထူးအထွေမဟုတ်တဲ့ စားစရာတစ်ချို့ကိုဝယ်ယူခဲ့ရုံသာ။ အမှန် သူ  ဒီအိမ်ရှင်ကို ဖုန်းတစ်ခါမှမဆက်ရသေးဘူး။

ဒီကြားထဲ သူတို့အချင်းချင်း ဖုန်းမဆက်ဖြစ်သလို တွေ့လည်းမတွေ့ဖြစ်။ ရည်းစားတွေသာဆိုပေမယ့် တဖြည်းဖြည်းဝေးကွာလာသလိုခံစားချက်မျိုး။ Matthew တစ်ခါမှ သူများကိုအောက်ကျနောက်ကျခံပြီး သွားပတ်သက်မနေဖူးဘူး။

သို့သော် ထိုလူအတွက် သူကအရှက်မရှိတဲ့လူလိုဖြစ်နေပြီထင်တယ်။ အရင်က သူ့ကိုလွယ်တယ်လို့ ထင်မှာကြောက်ပေမယ်​့ သူ Leonကို လက်မလွှတ်နိုင်ဖြစ်လာတယ်။

မဟုတ်မှလွဲရော သူ ဒီလူကိုစွဲလမ်းနေတာလား။ သူတကယ်ကြီးချစ်မိသွားတာလား။

ခေါင်းကတွေးရင်း ပူထူလာတာမို့ လက်က ယောင်ရမ်းပြီး လူခေါ်ဘဲလ်ကိုနှိပ်မိသည်။ ထိုစဉ် သူ့နှလုံးခုန်သံတွေမြန်ဆန်လာတယ်။ ဘာကြောင့်လဲ Matthew မသိပေမယ့် Leonမျက်နှာချောချောကို မြင်ရတော့မှာမို့လို့ထင်ရဲ့။

Matthew လူခေါ်ဘဲလ်ကို နှိပ်ပြီးအိမ်ရှေ့မှာရပ်စောင့်နေတုန်းမှာပင်  အိမ်တံခါးချက်ချင်းပွင့်လာတော့သည်။

" ဒီတလောငါမလာနိုင်ခဲ့ဘူး "

" ဝင်လာလေ "

သူ့ကို Leonက သူစိမ်းဆန်ဆန်ပြောပြီး အိမ်ထဲခေါ်ခဲ့တယ်။ Leonသည် သူ့ကို သာမန်ကာလျှံကာတစ်ချက်ကြည့်ပြီး ဘာမှမဆိုချေ။

Matthew ရင်ဘတ်ထဲမှာ နေထိုင်မကောင်းဘူး။ သူ့မှာ တအားကြီးမျော်လင့်ထားခဲ့တာလေ။ လက်တွေ့တွင်တော့ Leonရဲ့ သူစိမ်းဆန်မှုကိုသာ လက်ခံရရှိခဲ့တယ်။ တကယ့်ကိုခံစားရခက်တာပဲ။

သူဧည့်ခန်းထဲမှာ အသာလေးဝင်ထိုင်မိသည်။ လက်ထဲပစ္စည်းလက်ဆောင်များအား စားပွဲပေါ်တင်ထား၍ တံခါးပိတ်နေတဲ့ Leonကိုကြည့်လိုက်တယ်။

ထို့နည်းတူ ပတ်ဝန်းကျင်ကိုလည်း တစ်ချက်ကြည့်မိသေးတယ်။ နေ့လယ်ခင်းအချိန်ရှိနေပြီး ဒီကြားထဲ တစ်လနီးပါးလောက် သူတို့မတွေ့ဖြစ်တာမို့ ဒီလိုသူစိမ်းဆန်နေတာ ဖြစ်သင့်ပါတယ်။ သို့သော် သူတို့နှစ်ဦးက ခုတ်တွဲနေကြတဲ့ ရည်းစားတွေမဟုတ်ဘူးလား။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Hikayelerin yaşadığı yer. Şimdi keşfedin