Chapter 55:Leon's True things

106 7 0
                                    





တစ်ခုတည်းသော VVIPအခန်းထဲမှာ သူငယ်ချင်းသုံးယောက်သား သောက်စရာရှိတာသောက်ရင်း စကားစမြည်ပြောနေကြသည်။ ဒီဆိုင်ကို ပိုင်ဆိုင်သူက Rosieဖြစ်ပြီး သူမဟာ Leonနှင့်အတူ မူးယစ်ဆေးဝါးလုပ်ငန်းစပ်တူလုပ်ကိုင်သူ ဖြစ်တယ်။

Rosieက Leonထက်အသက်နည်းနည်းကြီးသည်။ ဒါပေမဲ့ နောက်တစ်ယောက်ကတော့ သက်တူရွယ်တူအမျိုးသားတစ်ဦးဖြစ်၏။ ထိုသူက လူဆိုးဂိုဏ်းခေါင်းဆောင်Yoဖြစ်၍ ဘယ်တော့မှနာမည်အရင်းထုတ်မသုံးတဲ့လူ။ သို့ပေမယ့်  သူတို့သုံးယောက်သားက သူငယ်ချင်းမိတ်ဆွေတွေဖြစ်ကာ တစ်ယောက်နှင့်တစ်ယောက် အချင်းချင်းကူညီဖြစ်သည်။

တကယ်တော့ သူတို့ချည်းမဟုတ်သေးဘူး ကျန်တဲ့လူတစ်ယောက်ရှိသေးတယ်။ ဒါပေမဲ့ အဲ့တစ်ယောက်က မကောင်းတာတွေရှောင်ရှားတဲ့လူဖြစ်လို့  လူဆိုးလေးသုံးယောက်နဲ့မတွေ့ဖြစ်တာများတယ်။ ယခုလည်း ဒီအခန်းထဲမှာLeonရယ် သူ့ရဲ့ဆိုးတူကောင်းဖက်သူငယ်ချင်းနှစ်ယောက်သာရှိသည်။

" ဒါနဲ့ မင်းနဲ့ဟိုနည်းပြလေးနဲ့ ဘယ်လိုဖြစ်သွားပြီလဲ "

Yoက Leon၏ကြည်ပုံမရသော မျက်နှာကိုအကဲခတ်မိကာ မေးကြည့်သည်။ ယင်းနည်းတူ Rosieလည်း ရှမ်ပိန်ခွက်ကိုင်ရင်း သိလိုစိတ်ပျင်းပြနေတယ်။

ဒီသုံးယောက်ထဲမှာ အလျို့ဝှက်ဆုံးက Leonဖြစ်ပေမယ့် နိုင်ငံခြားမှာကျောင်းတူတူဖြစ်ကြလို့ သိနှင့်နေပြီးသား။ ဒါပေမဲ့  Leonဖခင်က သူတို့နဲ့ပေါင်းသင်းတာကို ကြိုက်ပုံရဘူး။

ဤကို Leonသိပေမယ့် ဒီလူဆိုးများအဖွဲ့မှာပဲ နေသားကျနေသည်။

" ပြောပြဦးလေ။ နင့်ဘက်ကလိုက်နေရတုန်းပဲလား။ အဲ့တာဆိုရင်တော့ မကောင်းတာပါဟယ်။ တစ်ခြားကောင်လေးပြောင်းကြိုက်လိုက် "

" ဟုတ်တယ် "

Yoကလည်း Rosie၏စကားကိုထောက်ပံ့ပေးသည်။ သူတို့တွေထဲမှာ Leonတစ်ဦးတည်းသာ ဂေးဖြစ်ပေမယ့် အရင်အတိုင်းဆက်ဆံရေးတွေ ပြောင်းလဲမသွားဘူး။

" ငါ သူနဲ့တောင်မတွဲလိုက်ရပါဘူး။ ဒီတိုင်းစိတ်ထဲက သဘောမကျသလိုခံစားရလို့ "

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Hikayelerin yaşadığı yer. Şimdi keşfedin