Chapter 30

109 9 0
                                    

(နွေးထွေးလုံခြုံသော ခံစားချက်)




လုံးဝမသိတဲ့ သူစိမ်းတစ်ယောက်နဲ့ အတူအိပ်စက်ခြင်းက တစ်မျိုးကြီးခံစားရတယ်။ အထူးသဖြင့် ယခုလိုအခြေအနေမှာ ဆိုရင်ဖြင့်။

နှစ်ယောက်အိပ်ကုတင်ကြောင့် အတူတူ အိပ်လည်း ပြဿနာအကြီးကြီး ဖြစ်မသွားဘူး။ အဆင်ပြေပြေရှိကြတယ်။ ဒါပေမဲ့ Leonက အနောက်ကနေသိုင်းဖက်ထားပြီး သူ့ရင်ခွင်ထဲဆွဲသွင်းထားသည်။

" ဘာမှမတွေးပဲ အိပ်ပျော်အောင်အိပ်လိုက် ကျွန်တော်ရှိတယ် "

Matthewကို ထိုသို့တိုးတိုးလေးပြောသလို သူ့ခါးသိမ်သိမ်ကို ဖက်ထားပြန်တယ်။ ဒီအခြေအနေကြီးက ဘာကြီးလဲ။ သူတို့တွေက ဘာမှမပတ်သတ်ပဲ ဒါမျိုးကြီးက မလွန်လွန်ဘူးလား။

သူ သဘောမကျသည်မို့  Leonလက်တွေကိုဖယ်ရှားကြိုးစားမိသည်။ သို့သော် အချည်းနှီးသာ။ သူကချည်း တင်းကျပ်အောင် အဖက်ခံနေရပြီး မကြိုက်လည်း အောင့်အည်းနေရသည်။

ဒါပေမဲ့ တစ်ယောက်တည်း အိပ်ရတာထက်ဆိုင်ရင် နှစ်ယောက်အတူရှိတော့ အဖော်ရသား။ ဒီအိပ်ခန်းဟာ အပေါ်ထပ်က သူ့အိပ်ခန်းပဲမို့ ခဏအကြာမှာ ဒီအတိုင်းလေး Matthew အိပ်ပျော်သွားတော့သည်။

အရင်ကဆို အိပ်ပျော်ဖို့ နာရီပေါင်းစွာကြာရှည်သော် ဒီနေ့တော့ အတွေးတွေများမနေသလို၊ သူ ဘာမှတွေးမနေခဲ့ဘူး​။ ထို့အတူ တစ်စုံတစ်ယောက်၏ ရင်ခွင်ကျယ်ဟာ သူ့ကိုလုံခြုံစေပုံရသည်။

တစ်ခါမှနွေးထွေးမှုကို မခံစားဖူးပေမယ့် ဒီနေ့တော့ ကောင်းမွန်စွာ သူ အိပ်မောကျခဲ့တယ်။

တစ်ခဏအတွင်းမှာ အိပ်ပျော်သွားလိမ့်မယ်လိမ့်မယ်လို့ Leonလည်း မထင်မိဘူး။ သူ Matthew၏ ဆံနွယ်တွေကို ဖွဖွနမ်းရှိုက်ရင်း ခေါင်းလျှော်ရည်ရနံ့ကို ခံစားမိသေးသည်။ သို့သော် သူ့လက်များက Matthewခါးပေါ်က မခွာသေး။

အိပ်ရာအပြောင်းအလဲ ဆိုတာထက် သူအိပ်မပျော်ရတာ ဘာကြောင့်မှန်းမသိဘူး။ ဤလူသားကြောင့်လော ပြောင်းလဲလာတဲ့ သူ့စိတ်ထားကြောင့်လော။ ဒါပေမဲ့ ဒီတလော Matthew ကို ဆက်ဆံနေတာအကုန်လုံး စိတ်ရင်းအမှန်ချည်းသာ။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Hikayelerin yaşadığı yer. Şimdi keşfedin