Chapter 82

76 5 0
                                    

(ဝန်ခံခြင်း)


အိမ်ရောက်တော့ ညချမ်း၉:၂၀။ညဉ့်နက်ပြီလို့မဆိုနိုင်သေးပေမယ့် ဧည့်ခန်းထဲက ဆိုဖာပေါ်မှာMatthew အားမရှိစွာလှဲလိုက်မိသည်။ မူလက Leonသူ့ရဲ့လျို့ဝှက်ချက်အားလုံးကို တစ်ခါတည်းပြောပြမယ်လို့ စီစဉ်ထားတာ။

ဒါပေမဲ့လည်း ချစ်သူလေးဟာ ပင်ပန်းနေပြီဆိုတော့ သူဘာတတ်နိုင်မှာလဲ။ Leonသည်းခံမိရင်း ဘေးဘီက ဆိုဖာမှာဝင်ထိုင်သည်။

" ဟန်နီပင်ပန်းနေပြီလား "

" အင်း အဲ့လောက်ကြီးလဲမဟုတ်ပါဘူး။ မဟုတ်မှလွဲရော မင်းမှာပြောစရာတွေရှိသေးတာလား "

ကျယ်ဝန်းသော ဆိုဖာပေါ်တွင်လှဲအိပ်နေရာမှ Matthewခေါင်းထောင်လာပြီး ထိုင်လိုက်သည်။ သူ့ကို စေ့စေ့ကြည့်နေသော Leonကို သုံးသပ်ကြည့်မိတယ်။ မျက်ဝန်းအညိုရောင်တွေကို စူးစိုက်ကြည့်၍ Leonစိတ်ကို ခန့်မှန်းနိုင်မလားဆိုပြီးလေ။ ဒါပေမဲ့ အသုံးမဝင်ခဲ့ဘူး။

" ဟန်နီ မနက်ဖြန်အလုပ်ရှိလား "

" မရှိဘူး ငါဒီနေ့မှကြော်ငြာရိုက်ပြီးတာလေ။ မင်းငါ့ကို တကယ်ဂရုမစိုက်တာပဲ "

" မဟုတ်တာ။ ကျွန်တော်အလုပ်တွေပိနေလို့ မေ့သွားတာပါ။ ဟန်နီ့ကို ပစ်မထားပါဘူးဗျာ "

Leon ဒီတလော သူ့ရှုပ်ထွေးတဲ့ကိစ္စတွေကြောင့် Matthewနဲ့ဝေးနေသလိုခံစားရတယ်။ သူ အမြန်ပဲထိုင်ရမှထပြီး Matthewဘေးမှာ ဝင်ထိုင်လိုက်သည်။ ဒါဟာ နီးကပ်နေသည့်အပြင် နှလုံးသားတွေနီးစပ်သလိုခံစားရသည် မဟုတ်လား။

" ကျွန်တော် အမှန်အတိုင်းပဲပြောမယ်။ ဟန်နီ့ကိုမပြောရသေးတဲ့ လျို့ဝှက်ချက်တွေရှိသေးတယ်။ အဲ့တာတွေ ဝန်ခံချင်လို့ "

သူ ဤသို့ပြောတော့ လေးလံနေပုံရသော Matthew စိတ်ဝင်စားမှုအပြည့်ဖြင့် သူ့အားလှည့်ကြည့်လာသည်။ Leonလည်း  Matthewလက်ချောင်းလေးများအား အသာယူကိုင်ရင်း သူသက်ပြင်းချမိတယ်။

ဒီကိစ္စတွေအားလုံးကို သူစိမ်းမပြောနဲ့ မိသားစုတွေကိုတောင် သူ,မပြောပြဖူးဘူး။ လျို့ဝှက်ချက်တွေကို ထိန်းသိမ်းထားရတာ လေးလံတယ်လို့မခံစားရပေမယ့် သူတန်ဖိုးရတဲ့လူသားကိုတော့ သိစေချင်တယ်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Wo Geschichten leben. Entdecke jetzt