Chapter 34

95 9 0
                                    

(သဘောကျတဲ့အခါ)



" တင်းတောင် တင်းတောင် "

သူရေချိုးပြီးခါစမို့ အဖြူရောင်ရေချိုးဝတ်ရုံကို ဝတ်ထားလျက်နှင့် အိမ်တံခါးဆီသို့ လျှောက်လာခဲ့သည်။ ဆံပင်ကို အခြောက်ခံလက်စမို့ သူ့ဆေးဆိုးထားတဲ့ ဆံနွယ်တွေက ခြောက်လုနီးပါးပဲ။ သို့သော် Matthewမှာ ထိုမော်နီတာကိုကြည့်နေတုန်း။

သူ့မှာ Deliveryသမားလို့ထင်နေခဲ့တာလေ။ သို့သော် ဟုတ်မနေပဲ စိတ်မရှည်သည့်ပုံစံနှင့်Leon ဖြစ်နေခဲ့တယ်။ နှစ်ခါမျှမစဉ်းစားမိပဲ သူအမြန်တံခါးဖွင့်မိသည်။

ညနေခင်းရောက်ရှိနေ၍ ညစာစားဖို့အချိန်က မကြာခင်ရောက်လာတော့မည်။ဘေးပတ်ဝန်းကျင်ကိုကြည့်ရင် နေဝင်မိုးချုပ်သည့် အခြေအနေကိုရောက်ရှိနေပြီ။

" အဆင်ပြေတယ်မလား "

" အင်း "

လက်ထဲမှာ စားစရာတွေဝယ်ယူခဲ့ပုံရစွာ Leonသည် သူ့စကားကိုပင်အဖက်မလုပ်။ သူ့ဘာသာ မီးဖိုခန်းထဲဝင်ရောက်၍ ဝယ်ယူလာတဲ့စားသောက်ဖွယ်ရာကို သူ့ဘာသာသူ ထား၏။
အားလုံးပြီးကာမှ Leon အပေါ်ထပ်အင်္ကျီကို ချွတ်လျက် ဧည့်ခန်းသို့ပြန်လာခဲ့သည်။

ဆိုဖာပေါ်အားပါစွာထိုင်၍ အသက်ရှူရခက်တာမို့ သူ့ရှပ်အင်္ကျီအဖြူရောင်က ကြယ်သီးကို ဖြုတ်ပစ်တယ်။ ထို့နောက် Leonသည် အိမ်ပေါ်ထပ်သို့သွားလုနီးပါး Matthewကို အသာကြည့်ကာ

" ဟန်နီ ကျွန်တော့်ကိုကြည့်ပါဦး။ နည်းနည်းပါးပါး အမောဖြေပါရစေ "

" ရေခပ်ပေးရမှာလား "

သူ နားမလည်စွာLeonကိုကြည့်မိ၍ မေးလိုက်တယ်။ အိမ်ပေါ်က သူ့အခန်းကိုသွားမည့်ခြေလှမ်းတွေရပ်တန့်ခဲ့ပြီး Leonရှိရာသို့ လျှောက်မိသည်။

" ဟန်နီရာ အဲ့လိုမဟုတ်ဘူးလေ မျက်နှာလှလှလေး မောင့်ကိုပြပါဦး "

" မင်းမှာ တစ်ခြားစိတ်ကူးတော့ မရှိဘူးမလား "

" မရှိပါဘူးဗျာ။ ယုံပါ "

Leonအဲ့လိုပြောတိုင်း မဟုတ်သုတ်ခ တစ်ခုခုလာတော့မှာ Matthewခန့်မှန်းမိတယ်။ သူ့မှာ ခန့်မှန်းနိုင်စွမ်းအနည်းငယ်သာရှိသော် Leonမရိုးသားတာက အတော်များလိမ့်မယ်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Donde viven las historias. Descúbrelo ahora