Chapter 80

89 4 0
                                    

(မထင်မှတ်ပဲတွေ့ရှိခဲ့သော အတိတ်ကအပိုင်းအစများ)





ကမ်းလှမ်းလာတဲ့ ဆပ်ပြာမှုန့်ကြော်ငြာအတွက် ရိုက်ကူးရေးအပြီး သူပြန်ရောက်တော့ နေ့လယ်ပိုင်းရောက်နေပြီ။ မနက်ကတည်းက အစောကြီးထွက်သွားခဲ့တာမို့ အိပ်ရေးကသိပ်မဝချင်။ အိမ်ရောက်မှပဲ  အေးဆေးအဝအနားယူမယ်လို့ Matthewစိီစဉ်ထားတာ။

သို့ပေမယ့် အိမ်ကိုပြန်ရောက်တော့ အိပ်ချင်တဲ့စိတ်များက ဘယ်ဆီလွှင့်သွားမှန်းတောင်မသိတော့ဘူး။ နေ့လယ်စာကိုလည်း အပြင်ကနေစားခဲ့ပြီပြီမို့ ဘာလုပ်ရမလဲစဉ်းစားလိုက်မိသည်။

ယခုအိမ်ထဲမှာ သူတစ်ယောက်တည်းသာရှိသည်။Leonက သူ့သူငယ်ချင်းဆီသွားပြီး ကုမ္ပဏီခဏဝင်ဦးမယ်လို့ စာပို့ထားတာမို့ သူအများကြီးမမျှော်လင့်ဘူး။ ညချမ်းမတိုင်ခင် သူတို့တွေ့ရဦးမှာပဲကို။

သူတို့တရားဝင်ခုတ်တွဲနေတာ လပိုင်းသာရှိနေသေးသော် အလွန်သည်းလွန်းကြတဲ့ စုံတွဲတော့မဟုတ်ချေ။ Matthew ကြည့်ဖူးသမျှ၊သရုပ်ဆောင်ဖူးသမျှရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာဆို ချစ်သူရည်းစားဖြစ်တာနဲ့ သည်းသည်းလှုပ်တာမျိုးတွေ့ဖူးနေကျ။ ဒါပေမဲ့ သူတို့အတွဲကတော့ ဒုံရင်းဒုံရင်းပဲ။

ဘာကြောင့်လဲလို့တွေးကြည့်ပေမယ့် ဧကန်လည်း Matthew ထိုသို့ဆက်ဆံရေးမျိုးသဘောမကျ။ ဒီတိုင်းလေးက ပိုပြီးသက်တောင့်သက်သာရှိနေတယ်။

​အိမ်ပြန်ရောက်တာနဲ့ ဧည့်ခန်းကဆိုဖာပေါ် ထိုင်နေတာအတော်လေးကြာသွားပြီ။ အဝတ်လဲ ဒါမှမဟုတ် ရေချိုးပြီး Leonရဲ့စတူဒီယိုထဲဝင်မွှေဖို့ အကြံရလိုက်သည်။ အမှန် Leonကြိုက်တဲ့ ဂြိုလ်တုအကြောင်းဘာညာကို သူစပ်စုသိချင်ပေမယ့် စာဖတ်ရမှာ အလွန်ပျင်းရိသည်။

ဒါ့ကြောင့် အပေါ်ထပ်က စာကြည့်ခန်းကိုအမြဲလစ်လျူတတ်ပြီး ယခုထိ တစ်ခေါက်၊နှစ်ခေါက်သာရောက်ဖူးသည်။





Matthew ရေချိုးခြင်းပြီးစီးသည့် အခါ မီးဖိုခန်းက သရေစာထုတ်ကို လက်မှာကိုင်လျက် Leon၏ကိုယ်ပိုင်စတူဒီယို ဆီသို့ဦးတည်ခဲ့သည်။ အိမ်နေရင်း အဝတ်က ပေါ့ပါးလွတ်လပ်သော တီရှပ်နှင့်ညအိပ်ဝတ်ဘောင်းဘီရှည်လေး။ ညနေခင်း အားကစားလုပ်ရမှာ သိပေမယ့် သူ,မသိချင်ယောင်ဆောင်လိုက်သည်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Nơi câu chuyện tồn tại. Hãy khám phá bây giờ