Chapter 76

74 7 0
                                    

(မွေးစားမိဘများ၏ အဆက်ဖြတ်ခံခြင်း၂)



ချောမောလွန်းတာလား၊လှလွန်းတာလား Leonမတွေးတတ်တော့ဘူး။ ဘေးတစောင်းကြည့်ကြည့် ဒီတိုင်းလေးပဲကြည့်ကြည့် သူ့ဟန်နီကချစ်စရာကောင်းလွန်းသည်။ တကယ်တော့ Matthewက ယောက်ျားပီသသည့်အပြင် ခန္ဓာကိုယ်၌ကြွက်သားရေးရေးလေးကို မြင်ရသည်။ ဒါပေမဲ့လည်း Leonမျက်လုံးမှာတော့ ချစ်ရာကောင်းတယ်လို့ပဲဖော်ပြသလားမသိ။

Matthewသည် ပထမဦးဆုံး Leon၏ကိုယ်ပိုင်စတူဒီယိုထဲရောက်ရှိရတာကြောင့် ဟိုဟိုဒီဒီလျှောက်ကြည့်နေတယ်။ ဒါပေမဲ့ သူထင်ထားသလို ထူးထူးဆန်းဆန်းလည်းမဟုတ်ပါပဲ ဘာလို့အပြင်လူပေးမဝင်ရတာလဲ။ နည်းနည်းတော့တွေးမိသွားသည်။

သူ ချက်ချင်းပဲ Leonရဲ့ထိုင်ခုံမှာထိုင်ကာ လုပ်လက်စသီချင်း၏ ဖွင့်ခလုတ်ကိုနှိပ်ရန်ဟန်ပြင်သည်။

" ငါ ဒါနားထောင်လို့ရလား "

Matthew သူ့စိတ်အရဆို ချက်ချင်းမတွေဝေဘဲ ဖွင့်ပစ်လိုက်မှာ။ သို့သော်လည်း ပိုင်ရှင်ကLeonဖြစ်နေတဲ့အခါ ခွင့်မတောင်းလို့မဖြစ်တော့ဘူး။ ဒါ့ပြင် Leonက သူ့ကိုဒီအခန်းထဲပေးဝင်ခွင့်ပေးထားသေးတယ်။ တော်ရုံဆို Leonခွင့်ပြုတာမဟုတ်မှန်း သူနားလည်သည်လေ။ ပြီးတော့  ဒေါသဆွမိမှာလည်းစိုးရိမ်မိသေးတာမို့  Leonကိုမော့ကြည့်၏။

ညာဘက်ပါးပြင်ပေါ်မှာ မှဲ့ပါရှိ၍ ကြည့်ကောင်းသောလူငယ်လေးဟာ  အညိုရောင်မျက်ဝန်းများဖြင့် စူးစိုက်ကြည့်ပုံဟာ Matthewတောင်လန့်မိသည်အထိ။ ခန္ဓာကိုယ်အတွင်းပိုင်းထိအောင် စူးစိုက်ကြည့်နေသလိုမျိုး ခံစားမိတာမို့ သူ Leonကိုဆက်မကြည့်တော့ဘူး။

-ီးမို့ သေအောင်ကြည့်နေတာလား။ Matthew စိတ်ထဲကကြိမ်ဆဲမိပေမယ့် သူ့ကိုယ်သူ အားငယ်လာသလို ခံစားရမှန်းမသိခဲ့ဘူး။

Leonသည် Matthew၏အမူအယာကိုကြည့်ရင်း သဘောတကျကျ။ သူ့မျက်နှာမှာကျေနပ်ကြောင်းထင်ရှားသလို နှုတ်ခမ်းတို့ကွေးညွတ်လျက်။ ဖြစ်နိုင်ရင် ဒီနေရာမှာ အင်္ကျီဆွဲချွတ်ပြီးကိုက်စားပစ်လိုက်ပြီ။  ဖြူဝင်းသောခန္ဓာကိုယ်ပေါ် နီရဲသောအမှတ်တရတွေ ပေးပစ်ချင်တာမှ ဆန္ဒတအားပြင်းထန်နေသည်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Donde viven las historias. Descúbrelo ahora