Chapter 60⚠️

164 8 0
                                    

(တကယ်ချစ်မိတဲ့အခါ)⚠️




" What the မင်းဒီမှာဘာလုပ်နေတာလဲ "

Matthewမျက်မှောင်ကြုတ်၍ မျက်စိရှေ့က Leonကိုကြည့်မိသည်။ ဒီနေ့ညနေခင်းလည်း ပြေးလွှားဖို့အတွက် အိမ်ရာမှအထွက် ဒီချီးထုတ်ကောင်နဲ့တိုးတော့တာပဲ။

Leonသည် လက်ထဲကနာရီကို တစ်ချက်ကြည့်တယ်။ သူ့ခန္ဓာကိုယ်ပေါ်မှာ သန့်ပြန့်တဲ့အနောက်တိုင်းဝတ်စုံကို ဝတ်ထားပေမယ့် အပေါ်ကုတ်မပါပဲ ရှပ်အင်္ကျီလက်ရှည် အဖြူရောင်တစ်ထည်သာရှိသည်။ ရှူးဖိနပ်နှင့် အသွင်အပြင်က အလွန်ဟိတ်ဟန်များ၏။ ဒါပေမဲ့ ဒီလူငယ်လေးနဲ့လိုက်ဖက်သည်လေ။

သူ့ကို မကျေမနပ်စွာကြည့်သော Matthewကို ကြည့်၍ Leonရယ်မိသည်။ အခု သူအကြွေးတောင်းပြီးပြန်လာတာပါလို့ပြောရင် ရယ်နေဦးမလား။ ဒါပေမဲ့ ဒီလိုလူကြီးလူကောင်းပုံစံကို ဟန်နီကသဘောကျနေတာပဲ။

မျက်လုံးလှလှတွေမှာ သဘောကျကြောင်းသိသာတာကို လိမ်ညာချင်သေးတယ်။

" သောက်ရူးကောင် ငါပြောတာကြားလား။ ဘာလို့ ဒီအထိလာတာလဲ "

" တောင်းပန်ဖို့ "

တိုတိုတုတ်တုတ်စကားပြောလာတဲ့ Leonကို Matthewမကြည်ချင်တော့ဘူး။ ဟိုတလောက လာတောင်းပန်တယ်။အခုလာပြန်ပြီ တောင်းပန်တာတွေချည်း။ လွန်ခဲ့တဲ့ တစ်ပတ်လောက်တုန်းကလည်း ဆက်တိုက်အမျိုးမျိုးတောင်းပန်နေပြီး အခုထိ မပြီးမစီးနိုင်တော့ဘူးလား။

သူတကယ်ကို စိတ်ညစ်ရသည်။ Leonနဲ့တွေ့လိုက်တိုင်း ကောင်းတာတစ်ခုမှဖြစ်မလာတာမို့ သူတောင်မုန်းလာပြီ။

" ဟိုတလောကပဲ အိမ်အထိလာပြီးတောင်းပန်ပြီးပြီမလား။ တော်လိုက်တော့ "

" မတော်နိုင်ဘူး။ ဟန်နီက ကျွန်တော်ကိုမုန်းနေတုန်းပဲလေ "

ဝမ်းနည်းနေတဲ့ Leon၏ အညိုရောင်မျက်ဝန်းတွေကိုကြည့်ပြီး သူဘာမှမပြောနိုင်တော့ဘူး။ မုန်းနေတုန်း သူတကယ်ပဲ Leonကိုမုန်းနေတာလား။

မုန်းတာလည်း မဟုတ်သလို ချစ်တာလည်းမဟုတ်ဘူး။ တကယ့်ကို ဒီလူသားအပေါ်ဘာလဲ သူ့ကိုယ်သူမသိတော့ချေ။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Nơi câu chuyện tồn tại. Hãy khám phá bây giờ