Chapter 1

1.1K 25 1
                                    

(အတိတ်ဆိုး)

ညနေခင်းလေအေးတွေက တိုက်ခတ်နေပေမယ့် ထင်သလောက်မအေးသေး။ ထို့ပြင် မိုးမချုပ်သေးခင် တစ်မြို့လုံးနီးပါးလျှပ်စစ်မီးတွေထွန်းထားသည်။ သူကတော့ လူသွားစင်္ကြံပေါ်မှာ လမ်းလျှောက်နေသည်။

မြူးမြူးကြွကြွသီချင်းကို ကိုယ်လွတ်လက်လွတ် နားထောင်နေခိုက် တစ်စုံတစ်ယောက်က သူ့ကိုဝင်တိုက်သွားတာကို ခံစားမိတယ်။  ပျော်ရွှင်နေတဲ့ အပျော်ဟာ ခဏချင်းပျောက်ကွယ်သွား၍ သူ ချက်ချင်းပဲ မျက်မှောင်ကုတ်မိသည်။
ဘယ်လဲ မျက်စိမပါဘူးလား။

စိတ်တိုစွာ အနှီလူကိုစေ့စေ့ကြည့်မိသည့်အခါ လူငယ်လေးတစ်ယောက်ဖြစ်ကြောင်း မြင်ရသည်။ ထိုလူငယ်က သူ့ထက် အရပ်ရှည်အနည်းငယ်တာမို​့ မော့ကြည့်မိတယ်။

ချောမောသော မျက်နှာသွင်ပြင်၊ မျက်ခုံးထူထူ၊ နှာတံဖြောင့်ဖြောင့်၊ ရွှေဝါရောင် အသားအရေရှိတယ်။ ဒါပေမဲ့ အတော်ကြည့်ကောင်းတာတော့အမှန်။ထင်ရှားဆုံးကတော့ ညာဘက်ပါးပြင်မှာ မှဲ့လေးတစ်ခု။  မြင်မြင်ချင်းမှာပင် ဩဇာအာဏာဟိတ်ဟန်တွေကို ခံစားရသည်။

Hoodie အနက်ရောင်နဲ့ အားကစားဘောင်းဘီဝတ်ထားတဲ့ သူတောင် သတိမကပ်၊ ခပ်ကြာကြာငေးကြည့်နေခဲ့မိတယ်။ သို့သော် ဦးနှောက်ဟာ ဒီလူရဲ့မျက်နှာကိုသေချာစူးစိုက်ကြည့်ကာမှ တစ်ခုခုကို သတိရစွာ။

" မင်း  မင်း  Leon "

maskအနက်ရောင်တပ်ထားတဲ့ သူ့နှုတ်ဖျားက တုန်ရီစွာ ထိုနာမည်နာမထွက်သွားတယ်။ ဘာကြောင့်မှန်းရယ်မသိ တစ်ကိုယ်လုံးတုန်ရီနေပြီး တုန်လှုပ်နေသည်။ ဒေါသထွက်မိသလို မကျေနပ်တာတော့အမှန်။

ချောမောသည့်လူငယ်လေးကို ငေးစိုက်ကြည့်ရာမှ အကြည့်လွဲပစ်တယ်။
သူပင် သတိမထားမိလိုက် Leonဆိုသည့် အမျိုးသားက ပခုံးကိုထိကိုင်သည်။

" ဘာဖြစ်လို့လဲ။ သရဲတစေတွေကိုမြင်သလို ဖြူဖပ်နေတာပဲ နေမကောင်းဘူးလား "

ပြောရင်းဆိုရင်းပဲ Leonရဲ့လက်များဟာ သူ့မျက်နှာပေါ်က maskကိုဖယ်ရှားပစ်တယ်။ နားထဲမှာ အစဉ်လိုက်လာနေတဲ့ သီချင်းသံကိုကြားနေရပေမယ့်  မျက်နှာချင်းဆိုင်က ဤလူသားရဲ့မာထန်သည့် စကားသံကို ကြားယောင်မိသည်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Onde histórias criam vida. Descubra agora