Chapter 23⚠️

258 12 0
                                    

(သဘောထားကွဲလွဲခြင်း)⚠️



စုပေါင်းဖျော်ဖြေပွဲကြီး ပြီးဆုံးတော့ ည၁၀ကျော်နေခဲ့ပြီ။ ပရိတ်သတ်အသီးသီးလည်း အိမ်ပြန်ကုန်သလို သူတို့လည်း ကုမ္ပဏီပြန်သင့်တယ်။ ပြီးမှ ကိုယ့်ဘာသာ အိမ်ကိုပြန်တော့မယ်။

နည်းနည်း ကသိကအောက်နိုင်ပေမယ့် ကုမ္ပဏီနှင့်စာချုပ်သက်တမ်း မကုန်ဆုံးသေးသ၍ ကိုယ့်စိတ်ကြိုက်မလုပ်နိုင်သေးပဲ။ဒီတိုင်းလေးကျေနပ်ရုံပဲပေါ့။

" Matthew ကားနံပါတ်က 12695နော်။ သေချာမှတ်ထားဦး။ ခဏနေကျရင် Parkingမှာရှိနေလိမ့်မယ်။ မင်းရယ် Benရယ် မန်နေဂျာ၂တို့က တစ်စီး။ ကျန်တဲ့ကလေးတွေက ငါ့နဲ့တစ်စီး "

" ဘယ်တော့ပြန်ရမှာလဲ "

ကြားထဲက Adamမေးလာသည်။ ဒါကို သူတို့တွေသိချင်နေတာလေ။ Adamက အမြဲဒိုင်ခံမေးပေးသလို၊ ဒိုင်ခံအဆူခံနေကျ။

" နောက်ထပ် ၂မိနစ်။ အရှေ့မှာတစ်ခြားအဖွဲ့တွေသွားနေလို့။ သိတယ်မလား "

မန်နေဂျာကြီးက သူ့အထုပ်အပိုးတွေကိုယူကာပြောလာတယ်။ အဓိပ္ပာယ်ကတော့ အတူတူထွက်ရင် ကြားထဲမဆီမဆိုင် Datingဘာညာဆိုပြီး မီဒီယာက ဆွဲစိနေမှာ။ အဲ့ဒီတော့ ရှောင်နေဖို့ မိနစ်ပိုင်းလေးစောင့်တာက ပိုခံသာသေးတယ်လေ။ မီဒီယာတွေက သူတို့ကိုအမြဲတမ်း မျက်စိထောင့်ထောက်ကြည့်သလို  တစ်ချို့အကြီးစားပရိတ်သတ်တွေက မလွယ်ပြန်ဘူး။

ပုံမှန်အလုပ်ထက် ဟိုအဖွဲ့အစည်းရဲ့စောင့်ကြည့်တာခံရ ၊ဒီအဖွဲ့အစည်းကိုကပ်ဖားရတာလောက် ပင်ပန်းတာမရှိဘူး။


နောက်ဆုံးတော့ သူတို့အိမ်ပြန်ဖို့အချိန် ရောက်လာခဲ့ပြီ။ အစက အားလုံးအတူသွားဖို့လုပ်ထားပေမယ့် Matthewက အပေါ့သွားနေတာကြောင့် နောက်ကျသွားတယ်။ သူ မန်နေဂျာ၂နှင့်ဖုန်း အဆက်အသွယ်ဖြင့်ပဲ ကားကိုရှာနေမိသည်။

ပါကင်မှာ များစွာသောကားများနှင့်အတူ၊ အမျိုးအစားမတူတဲ့ ကားတွေကြောင့် သူခေါင်းရှုပ်ရတယ်။မန်နေဂျာ၂နှင့် Benလည်းကားထဲရောက်နှင့်နေကြပြီ။ ဒါပေမဲ့ သူပါကင်ထဲသို့ရောက်မှပဲ  မန်နေဂျာ၂က အကြောင်းမဲ့ဖုန်းချသွားတော့တယ်။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Donde viven las historias. Descúbrelo ahora