Chapter 52

88 8 0
                                    

(ကိစ္စများဖြေရှင်းခြင်း)






တစ်ဦးတည်းသော မွေးစားအစ်ကိုဟာ အခုတလော သူ့အပေါ်ဂရုစိုက်ပေးနေတယ်။ Matthew သူ့ကိုယ်သူတစ်ယောက်တည်းပဲလို့ထင်ထားပေမယ့် ယခုတွင် သက်သာရာရသည်။

" အစ်ကို အလုပ်မသွားဘူးလား။ ကျွန်တော့်ကိုစောင့်မနေနဲ့ ကုမ္ပဏီမှာကြာဦးမှာ "

Warenမှာတပည့်တွေ၊ ဝန်ထမ်းတွေများစွာရှိနေတာပဲ။ ဒါပေမဲ့ ထိုလူတွေနဲ့ မထည့်ပဲ သူ့ကိုကိုယ်တိုင်မောင်းပို့တယ်။ Matthewအတွက်အဆင်ပြေသော် သူအားနာနေမိသည်။ ဒါဟာ သူ့ကြောင့်သက်သက်မဲ့ လုပ်နေတာမလား။

သို့သော် Warenက ကားမောင်းလျက်ဖြင့် အေးဆေးသက်သာစွာဆိုသည်။

" ကိုယ်ဒီနေ့ အလုပ်မရှိလို့။ တခြားကိစ္စမဟုတ်ပါဘူး "

" အင်း ပြီးတာပဲ "

Matthew ဘယ်လိုမှသဘောမထားချေ။ သူ ဘေးပတ်ဝန်းကျင်ကို လေးလံသောစိတ်ဖြင့်ကြည့်နေလိုက်တယ်။ အရင်လို တက်တက်ကြွကြွမရှိသလို၊ သိချင်စိတ် စူးစမ်းလိုစိတ်လည်း ပျောက်ကွယ်ကုန်သည်။ သူ့ရဲ့ဒေါသစိတ်တွေအစား ဝမ်းနည်းစိတ်ကသာ အစားထိုးဝင်ရောက်လာတယ်။

ဆောင်းရာသီတောင်ရောက်သွားပြီလား။ အရင်ကဆို သူဒီချိန်အကလေ့ကျင့်နေရပြီး ပွဲတွေမှာဖျော်ဖြေနေရရောပေါ့။ ဒါပေမဲ့ အခုတော့ သူလူသိသူမသိ တိတ်တဆိတ်နေနေရပြီ။

အအေးဓာတ်ပိုလာတဲ့အခါ လူတွေလည်း အနွေးထည်ကိုယ်စီဝတ်ထားလျက်။ သူတို့ကားထဲမှာလည်း အနွေးဓာတ်အပူချိန်ကြောင့်သာ ခံသာသည်။

Matthew ဘေးဘီက လူတွေ၊ကားတွေ သွားလာလှုပ်ရှားနေသည်ကိုကြည့်နေမိပြီး ထိုလူတွေထဲက လူတစ်ယောက်ကို သေချာကြည့်နေခဲ့တယ်။ မုန့်ဆိုင်ရှေ့မှာ ကားရပ်ထား၍ ထိုကားပေါ်က အမြန်ထွက်လာသည့် အမျိုးသားကိုဖြစ်တယ်။
ထိုသူဟာ အညိုရောင်ကုတ်အင်္ကျီကိုဝတ်ထားသည်။ သူ့ဆံပင်တွေညှပ်ထားပြီး ယောက်ျားဆန်မှန်းသိသာ၍ ထိုလူကိုတစ်ချက်ကြည့်ရုံ့ဖြင့်  Leonဆိုတာသိလိုက်ရတယ်။

သို့သော်လည်း သူ့မှာ ထိုလူသားအား အတန်ကြာစိုက်ကြည့်မိသည်။ ကားသည်အရှိန်ဖြင့်သွားနေသည်မို့ ထိုမြင်ကွင်းဟာ လျှပ်တစ်ပြက်မျက်လုံးထဲက ကွယ်ပျောက်သွားတော့သည်။ ဤသို့ ခဏလေးပဲ တွေ့တဲ့အခိုက်အတန့်မှာတောင် သူအနာကျက်မနေခဲ့ဘူး။

Tʜᴇ Dᴀʀᴋ  [𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Donde viven las historias. Descúbrelo ahora