Unicode"အကြင်နာ'' ဆိုတဲ့ စံအိမ်ကြီးထဲ အမြဲတမ်း ဖြစ်နေတဲ့ အကြောင်းတစ်ခုရှိသည်။ ထိုအကြောင်းကတော့ ဖူးဖူးမှုတ်ခံထားရတဲ့ နှောင်းခေတ်မဟာဆန် ဆိုတဲ့ သူဌေးသားလေးက အလုပ်လုပ်မည်ဆိုတဲ့ အကြောင်း။
ထိုအကြောင်းကတော့ မျိုးရိုးမြင့်သော သူဌေးကြီးတွေကြားမှာပါ လူစိတ်ဝင်စားမှု မြင့်မားနေသော သတင်းတစ်ပုဒ်ပင် ဖြစ်လေသည်။ အလုပ်လုပ်ခြင်းဆိုတာက သာမန်လူတွေအတွက် ဘာမှမဟုတ်ပေမဲ့ ငွေတွေ ထားစရာမရှိတော့အောင် ပြည့်လျှံနေတဲ့ ထိပ်တန်းသူဌေးသားက အလုပ်လုပ်မယ်ဆိုတော့ လူတွေက အထူးအဆန်းသဖွယ် အံ့သြမှင်သက်လို့နေသည်။ ပြီးတော့ သူဌေးသားလေးက ဘာအလုပ်ကို လုပ်မလဲဆိုတာကလည်း လူတွေ စိတ်ဝင်စားလို့နေတယ်။မနက်ခင်း မနက်စာစားချိန်တိုင်း အလုပ်လုပ်ဖို့ ကိုယ့်ဆီ အမြဲခွင့်တောင်းနေတဲ့ သားလေးကို ဦးမင်းနှောင်းတစ်ယောက် လက်မြှောက်အရှုံးပေးထားရတယ်။ ခွင့်တောင်းနေတဲ့ပုံမျိုးမဟုတ်ဘဲ ပေးမလုပ်ဘူးဆိုလျှင် ဘာဖြစ်လာမလဲဆိုတဲ့ သားဆီက အကြည့်ကိုလည်း ဦးမင်းနှောင်း မနက်တိုင်းမြင်နေရ၏။ ကိုယ့်ရဲ့ တစ်ဦးတည်းသော သားလေးကို ဦးမင်းနှောင်း ပင်ပင်ပန်းပန်း အလုပ်ပေးမလုပ်စေချင်ပေ။ ဒါပေမဲ့ ခေါင်းမာနေသော သားလေးကို ဖြောင်းဖျဖို့ကလည်း မလွယ်လှမှန်း ဦးမင်းနှောင်း သိလေ၏။
သက်ပြင်းကိုသာ အကြိမ်ကြိမ်ချမိရင်း သားထိုင်ရာဘက်ကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဖေ့သားမှာ...ပိုက်ဆံတွေ အများကြီး ရှိနေတာဘဲလေ...ပင်ပင်ပန်းပန်း အလုပ်လုပ်စရာ မလိုပါဘူး...သဘောပေါက်လား...''
"ဟအင့်...သဘောလည်းမပေါက်ဘူး...သားဝါသနာလေးကိုတော့ လုပ်ခွင့်ပေးပါတော့ ဖေရယ်...သားခွင့်တောင်းတိုင်းလည်း...ဒီစကားဘဲ ပြောနေတာ သားလည်း ရွတ်လို့တတ်နေပြီး..."
"ဖေ့သားက... လိမ္မာပါတယ်...ဘယ်နိုင်ငံကို ခရီးသွားချင်နေပြီးလေ..."
"ဖေဖေ...စကားမပြောင်းသွားနဲ့...ဖေ ပေးမလုပ်ရင် သားထမင်းမစားတော့ဘူး...ဒီအတိုင်း အိပ်ယာမှာ မျက်စိမဖွင့်အိပ်လိုက်မှာ..."

YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romance𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်