Unicodeပင်ပန်းမှုဒဏ်တွေ ကိုက်ခဲတာတွေ ပျောက်သွားတော့ နှောင်းခေတ် မျက်လုံးပွင့်လာသည်။ သူ အိပ်လိုက်တာ ညတောင် ရောက်နေပြီးလားဆိုပြီး ထကာ ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်လိုက်သည်။
"အေး..တကယ်ဘဲ ညရောက်နေပြီးဘဲ...''
အိပ်ရာကထကာ နှောင်းခေတ် ရေမိုးချိုးသန့်စင်လိုက်သည်။ ပြီးတော့ သူတစ်ခု သွားဝယ်စားရန် ဆုံးဖြတ်လိုက်သည်။ ကိုဘုန်းကို မတွေ့တော့ နှောင်းခေတ် သက်ပြင်းချလိုက်မိသည်။ အရင်ကဆို ကိုဘုန်းက သူ့အနားကနေ တစ်ဖဝါးတောင် မခွာခဲ့ပေ။ အခုကျတော့ အရင်ကနဲ့မတူတော့ဘူးဆိုတာ နှောင်းခေတ် လက်ခံလိုက်ရသည်။ အတိတ်ကနေ ရုန်းမထွက်နိုင်သေးသော ကိုယ့်ကိုကိုယ်လည်း နှောင်းခေတ် မုန်းမိသည်။
ချောက်!!!
နှောင်းခေတ် ကိုဘုန်းအကြောင်း တွေးနေစဥ် အခန်းထဲ ကိုဘုန်းဝင်လာခဲ့သည်။ ကိုဘုန်းက ထိုင်နေသော နှောင်းခေတ်ကို တွေ့တော့ မေးလာသည်။
"ထပြီးလား...နှောင်း..လာ ကိုယ်တို့တစ်ခုသွားဝယ်စားကြရအောင်...''
နှောင်းလည်း ဗိုက်ဆာနေတာကြောင့် ဘာမှမမေးနေတော့ဘဲ ခေါင်းငြိမ့်နေသည်။ အအြင်ထွက်ဖို့ သဘောတူတဲ့နှောင်းကို တွေ့တော့ ဘုန်းခန့်ရှိန် ပြုံးသွားတော့သည်။ အခု သူနှင့်ဏီရဲ့ အကြံဆီတွေကို အကောင်ထည်ဖော်ဖို့ လုပ်ငန်းစရန် အကောင်းဆုံးအချိန်ဖြစ်သည်။
ဒီနေရာက လူချမ်းသာတွေဘဲ လာတည်းတတ်တာကြောင့် ဘုန်းခန့်ရှိန်တို့ရဲ့ အစီအစဥ်အတွက် တကယ့်ကိုမှ ကောင်းတဲ့ အခိုက်အတန့်တစ်ခုဖြစ်လေသည်။
"ကိုယ်..နှောင်းကိုဝယ်ကျွေးမယ်..နှောင်း ဘာစားချင်လဲဆိုတာကို စဥ်းစားထားနော်...''
ကိုဘုန်းက အဲ့လိုပြောတော့ နှောင်းခေတ် မျက်တောင်မခတ်ဘဲ ကြောင်ကြည့်နေမိသည်။ နှောင်းကို ပြုံးပြပြီး ပြောနေတဲ့ ကိုဘုန်းရဲ့ မျက်နှာကို နှောင်း မလွတ်တမ်းကြည့်နေလိုက်သည်။
"ကိုယ့်ကိုအဲ့လိုမကြည့်ပါနဲ့လား...နှောင်းရယ်..ကိုယ်နေရခက်သလို ခံစားရတယ်လေ..''

YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romance𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်