Chapter-37 ( U + Z )

2.3K 66 12
                                    


Unicode

ဒီနေ့က ခေတ်လိုက်နှင့် နှောင်းခေတ်တို့ရဲ့
မင်္ဂလာဆောင်သောနေ့ကို ရောက်ရှိလာပြီးဖြစ်သည်။ ချက်ချင်းဖြစ်သွားတာကိုလည်း
နှောင်းခေတ် အံ့သြနေမိသည်။ သူလည်း
ထိုကောင်လေးကို ငြင်းနိုင်ဖို့ အားအင်တွေလည်း မရှိခဲ့။ အကြည်တဖြူသာ လက်ခံခဲ့သည်။

အခုတော့ ထိုကောင်လေးရဲ့ အိမ်ကို နှောင်းခေတ် ရောက်ရှိနေခြင်းဖြစ်သည်။ နှောင်းခေတ်တို့အိမ်မှာဘဲ မင်္ဂလာပွဲကို ကျင်းပမှာဖြစ်ပေမည့်လည်း အခု သူတို့မှာ ခေတ်လိုက်အိမ်မှာရှိနေကြသည်။ အဝတ်အစားတွေကိုလည်း ဒီမှာဘဲ ဝတ်ဆင်သွားကြပြီး ညနေစောင်း လူလာတဲ့အချိန်မှာ ဟိုအိမ်သို့ သွားဖို့ ဆုံးဖြတ်ထားကြသည်။

"နောက်ဆုံးလည်း..ငါတို့အိမ်ကိုသွားရမှာဘဲကို...တမင်သက်သက် ဒီမှာ ပေးနေခိုင်းတာ...''

အိမ်မှာမနေရတဲ့ နှောင်းခေတ်က အခုတော့
ခေတ်လိုက်ကို ဆူနေသလို မကျေမနပ်ပြောနေခြင်း။

"အဲ့လိုမဟုတ်ရဘူးနှောင်း...
မောင်က နှောင်းကို Surpriseဖြစ်စေချင်လို့...''

"ဘာကို Surpriseမှာ....''

"မသိဘူးလေ...''

"ဟွန့် သိလည်းမသိဘဲကို....
လူကို အရူးလုပ်တယ်နော်...''

"နှောင်းလေးရယ်...မောင်က နှောင်းကိုအရူးလုပ်ပါ့မလား....ညနေကျရင် မောင် ဘယ်လောက်တော်မှန်း နှောင်းသိရမှာလဲလေ..''

နှောင်းခေတ် ဘာမှ ပြန်မပြောတော့ဘဲ ဝရံတာဘက်သို့ ထွက်လာခဲ့ကာ အပြင်ဘက်ကို ငေးကြည့်နေသည်။
အခုတော့ သူ့ဘဝက ထိုကောင်လေးကို
ပေးအပ်လိုက်ပြီးကြောင်း ခေါင်းငြိမ့်သဘောတူထားပြီးသားဖြစ်သည်။

"ငါ့ကိုရအောင်..အတင်းယူပြီးမှ...
စိတ်ရှုပ်အောင် လုပ်လို့ကတော့....''

နှောင်းခေတ် တစ်ယောက်တည်း စကားပြောနေမိသည်။ ညနေဘက်ရောက်ရင် သူတို့နှစ်ယောက် တကယ့် ယောကျာ်းတွေ ဖြစ်သွားမှာ ဖြစ်တာကြောင့် နှောင်းခေတ် လေကို ပြင်းပြင်းရှုထုတ်ရင်း ကြိုမသိတဲ့ အနာဂတ်ကို တွေးပူနေမိသည်။

ထိုကောင်လေးက တစ်ယောက်ဆို တစ်ယောက်ဘဲဆိုတဲ့ အရွယ်မရောက်ရသေးတာကြောင့် နှောင်းခေတ်ကို ချစ်တာက ခဏတာလည်း ဖြစ်သွားနိုင်သည်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now