Unicodeမနက်မိုးမလင်းခင်မှာ ခေတ်လိုက်က သတိထားပြီး အိပ်မပျော်အောင် နေနေပေမဲ့
နှောင်းခေတ်ကိုယ်က အအေးဓာတ်နှင့် ကိုယ်အနံ့လေးတွေက သူ့ရင်ကို အေးချမ်းစေပြီး
သူ့စိတ်ကို တည်ငြိမ်စေတာကြောင့် အိပ်မပျော်အောင် ထိန်းချုပ်ထားသော မျက်လုံးတွေက တဖြည်းဖြည်းနှင့် ငိုက်ဆင်းလာတော့သည်။ အဲ့လိုနဲ့ဘဲ ခေတ်လိုက်တစ်ယောက် တစ်ခဏလည်းအတွင်းမှာ နည်းနည်း ပင်ပန်းထားတဲ့ဒဏ်နှင့် ကောင်းကောင်း အိပ်ပျော်သွားတော့၏။ခေတ်လိုက်ရင်ထဲ ရှိနေတဲ့ နှောင်းခေတ်က
ဆေးတွေရဲ့ အရှိန်တွေ ကုန်သွားသဖြင့်
ကောင်းကောင်း နိုးထလာနိုင်နေပြီးဖြစ်သည်။ နှောင်းခေတ်မှာ သူနိုးထလာတာနှင့် သူ့ကိုဖက်ထားပေးသော ထိုကောင်လေးကြောင့် စိတ်ကျေနပ်အားရမှုဖြစ်သည်။
ဘယ်လိုမှန်းမသိတဲ့ ခံစားချက်တွေနှင့်
သူ့ကိုအနည်းငယ်ရှက်စေပြီးတော့ အေးမြနေတဲ့ သူ့ခန္ဓာကိုယ်က ထိုကောင်လေးရဲ့
ပူနွေးနေသော ရင်ခွင်ငွေ့နှင့် ထိတွေ့နေရတာကြောင့် ပြောရရင် နေလို့ကောင်းနေသည်။သူ့ကို တင်းနေအောင် ဖက်ထားပေးပြီး
အိပ်ပျော်နေသော ထိုကောင်လေးက
ပင်ပန်းမှုဒဏ်ကြောင့် မျက်နှာတွေဟာ
မကြည်မလန်းဖြစ်နေပေမဲ့လည်း
ထိုကောင်လေးရဲ့ မထူမပါး စေ့စေ့ပိတ်ထားသော နှုတ်ခမ်းနှစ်လွှာပေါ်က အပြုံးလေးတွေ ဝေဆာနေသလို။ ပြောရရင် ထိုကောင်လေးက ချော၏။ချောတာက သာမန်မှ မချောဘဲ နိုင်ငံခြားက
သတ်မှတ်ထားသော စံချိန်တွေနှင့်လည်း
ကိုက်ညီသည်။"ဒီလို ကောင်လေးချောချောကို...
မောင်လို့ခေါ်ရင်ကောင်းမလား...
ကိုကိုလို့ ခေါ်ရင်ကောင်းမလား...''တွေးနေသလိုမျိုးနှင့် နှောင်းခေတ်က သူ့ခေါင်းကို လက်ချောင်းတွေနှင့်ထိကာ
အဲ့လိုပြောနေသည်။ ပြီးတော့ သူ့ရဲ့ အငြိမ်မနေတဲ့ လက်တွေက ဘယ်ဘက်ကို ဦးတည်သွားတယ်ထင်သလဲ။ ထိုကောင်လေးရဲ့
ကြွက်သားအမြောင်းလိုက် စုဆောင်းထားတဲ့
နေရာကို နှောင်းခေတ်ရဲ့လက်ချောင်း သွယ်သွယ်လေးတွေက အလည်ရောက်သွားတော့သည်။

YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romance𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်