Unicode
နှောင်းခေတ် တစ်ယောက် ခြံထဲကနေ အပြင်ရောက်ဖို့ အခက်တွေ့ပြန်သည်။ ဘာကြောင့်ဆိုရင် ခေတ်လိုက် ချထားတဲ့ အစောင့်တွေက နည်းတာကြီးမှမဟုတ်တာ။ ဒီတစ်ခါ
သူ့မှာ ခေါင်းစားရတော့သည်။ ဒါပေမဲ့
သူတစ်သက်နှင့် တစ်ကိုယ် သူလိုချင်တဲ့အရာကို မရရအောင် ယူတတ်တဲ့ နှောင်းခေတ်ကတော့ လူတွေကို ဘယ်လိုလှည့်မလဲဆိုတာ အကွက် ကြိုမြင်နေတာ သူ့ရဲ့ ပါရမီတစ်ခုလိုပင်ဖြစ်သည်။ဒီလောက်လည်းဘဲ ဘာအရေးလဲဆိုတဲ့ ဂရုမစိုက်တဲ့ မဲ့ပြုံးတစ်ခုက သူ့မျက်နှာပေါ်မှာ ပန်ဆင်ထားလျက် ယုံကြည်ချက်အပြည့်နှင့်
ဘာမှကို ကြောက်မနေဘူးလို့ အဓိပ္ပါယ်အပြည့်ရှိနေသော ခြေလှမ်းတွေနှင့် နောက်ပြန်လှည့်ဆုတ်ခြင်းမရှိ ရှေ့ဆက်တိုးပြီး သွားမြဲသာ
သွားနေသည်။ သူက မောင့်ဆီကနေ ထွက်ပြေးသွားတာမဟုတ်တာကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ကြောက်နေစရာမလိုပေ။နှောင်းခေတ် အိမ်ကနေဆင်းလာတာကို ခြံထဲရှိနေသော အစောင့်တွေက မြင်တဲ့အခါ သူထင်ထားသလိုပင် သူ့ကို မေးလာကြသည်။
"ဘယ်သွားမလို့လဲ သခင်...''
အစောင့်တွေမေးလာသော မေးခွန်းတွေကို
လှလှပပဆင်ခြေပေးနိုင်ဖို့ နှောင်းခေတ် ခေါင်းထဲ စာစီထားပြီးသားဖြစ်သည်။"ငါ..အိမ်ခဏပြန်မို့လို့...ငါတစ်ယောက်ထဲဘဲ သွားချင်တာ...''
နှောင်းခေတ် အဲ့လိုပြောတော့ အစောင့်တွေက တစ်ယောက်ထဲ သွားလို့မရကြောင်း ပြန်ပြောလာသည်။
"သခင်တစ်ယောက်ထဲတော့..ဘယ်ဖြစ်မလဲ..
ကျွန်တော်တို့လည်း လိုက်သွားပေးမယ်...''"အဲ့လိုဆိုလည်း မင်းတို့ သဘောဘဲ....''
အစောင့်ခြောက်ယောက်လောက်က သူ့အနောက်ကနေ လိုက်လာကြသည်။
နှောင်းခေတ်က ခေတ်လိုက်ဝယ်ပေးထားသော သူ့ကိုယ်ပိုင်ကားကို မယူဘဲ သူ့လင်ကားကိုသာ ယူလာစေသည်။"ငါ..အိမ်မှာ တစ်ညအိပ်မလို့...မင်းတို့လည်း
မနက်ဖြန်အထိ အိမ်အရှေ့မှာ စောင့်နေပေးပါ...အိမ်ပေါ်ကနေ ငါမဆင်းမချင်း သွားမခေါ်နဲ့ ကြားလား...ငါစိတ်အဆင်ပြေသလောက် နေပြီးမှ အိမ်ပြန်တဲ့အချိန် ပြန်မှာ..''

YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romansa𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်