Unicodeတစ်စုံတစ်ယောက်ရဲ့တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားခြင်း။ ယောကျာ်းတစ်ယောက်ရဲ့ ရင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော လူတစ်ယောက်နှင့်အတူ ဒီနေ့က ထိုလူနှစ်ယောက်အတွက် သာမန်နေ့တော့မဟုတ်ပေ။
နှောင်းခေတ်က ခေတ်လိုက်ရဲ့ ရင်ခွင်ကျယ်ကြီးမှာ ခေါင်းကိုတိုးဝင်ထားကာ ခေတ်လိုက်လည်းပင်ကိုလည်း သူတင်းတင်း ဖက်ထားမိသည်။ ဘာလို့ဆို ချမ်းအေးနေတဲ့ မနက်ခင်းလေးမှာ အဝတ်မရှိတဲ့ နှောင်းခေတ်ကတော့ အနွေးဓာတ်ကို အမိအရ ဖက်သွယ်ထားပြီး ကောင်းကောင်း အိပ်ပျော်နေသည်။ သူရဲ့ ဝင်လေထွက်လေ သေးသေးလေးကလည်း ခေတ်လိုက်ရဲ့ ရင်ကို တိုက်ခတ်လျက် ။
ခေတ်လိုက်ဘက်ကလည်း နှောင်းခေတ်ရဲ့ ခါးသိမ်သိမ်လေးကို လက်နှစ်ဖက်နှင့် ပြန်ဖက်ထားသည်။ ညက လှုပ်ရှားမှုတွေကြောင့်
မနိုးထချင်သေးပေမဲ့ သူမျက်လုံးဖွင့်ကြည့်လိုက်သည်။အရင်မြင်လိုက်ရတာက သူ့ကို ဖက်သွယ်ထားတဲ့ ဖြူလွနေသော လူတစ်ယောက်။
အနက်ရောင် ဆံပင်ကလည်း နဖူးပေါ်တွင် ဟိုတစ်စ ဒီတစ်စ ကျနေကာ နေရောင်ခြည်ရဲ့ အလင်းရောင်ကြောင့် လက်ထနေသည်။
ဆူထွက်နေတဲ့ နှုတ်ခမ်းပေါ်မှာလည်း ညက ကျေနပ်ထားလို့ထင်တယ်။ အခု ခေတ်လိုက်ကြည့်တော့ ပြုံးယောင်သမ်းနေသည်။"ကျုပ်မိန်းမ..တကယ်ပင်ပန်းသွားတာဘဲ...''
ဟိုတစ်စ ဒီတစ်စကျနေသော နှောင်းခေတ်ရဲ့ နဖူးပေါ်က ဆံပင်တွေကို ခေတ်လိုက် သပ်တင်လိုက်ကာ ကြည်လင်နေသော ထိုလူသာူရဲ့ မျက်နှာလှလှလေးကို တစ်ဝကြည့်နေလိုက်သည်။ ပြီးတော့ သူရဲ့လက်ကလည်း ခါးကိုဖက်ထားရာကနေ လုံးဝန်းနေသော တင်သား အိအိလေးဆီ ထားကာ ညစ်ကစားတော့ ထိုလူသားရဲ့ မျက်နှာက နာကျင်လို့ထင်တယ် ။ အနည်းငယ် ရှုံမဲ့သွားတာကို ခေတ်လိုက်တွေ့တော့ သူဆက်မညစ်ကိုင်တော့ဘဲ ထိုလူသားရဲ့ မျက်နှာကို အသေးစိတ်ကြည့်နေလိုက်သည်။
ထိုလူသားရဲ့ စင်းကျလာသော နှာတံမြင့်မြင့်ကလည်း ထိပ်ဖျားတွင် လုံးသွားတာက ထိုလူသားကို ချစ်စရာကောင်းတဲ့ လူတစ်ယောက်လို ဖြစ်စေသည်။ အသဲပုံ နှုတ်ခမ်းကလည်း သဘာဝအတိုင်း နီရဲ ပြောင်လက်နေတာက တမင်လူကို နမ်းချင်လာအောင်
ဆွဲဆောင်နေသလို ထိုလူသားရဲ့ မျက်ခုံးတွေကလည်း မထူမပါးနဲ့ ညီညီညာညာ ဖြစ်နေတာကလည်း သိပ်ကိုမှ ချောတဲ့လူ လှတဲ့လူဖြစ်အောင် လက်ရာမြောက်စွာ
ပုံဖော်ထားသလိုပင်။
![](https://img.wattpad.com/cover/339864577-288-k313003.jpg)
YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romance𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်