Chapter - 54 ( U + Z )

1.2K 23 0
                                    


Unicode

ထိုလူသား အိပ်ပျော်နေစဥ် ခေတ်လိုက်က
နှောင်းခေတ်ကို ကုသပေးတဲ့ ဆရာဝန်နှင့်တွေ့ဆုံမေးမြန်းနေသည်။

"လူနာ နေကောင်းသွားပြီးလား...''

"နေတော့ ကောင်းသွားပြီး..ကျုပ်ကိုတော့
သူမမှတ်မိဘူး...''

ခေတ်လိုက်ရဲ့ အပြောကြောင့် ဆရာဝန်က
ပြန်ပြောသည်။

"ထင်ထားတာဘဲ..''

အစအဆုံးမရှိ ပြောလာတဲ့ ရှေ့က ဆရာဝန်ကြောင့် ခေတ်လိုက်မှာ စိတ်မရှည်ချင်တော့သလို။

"ဘာကိုထင်တာ!!

ခေတ်လိုက်မှာ ဆရာဝန်ကြီးရဲ့ မျက်နှာအနေအထားကို ကြည့်ပြီး ထိုလူသားဆီ မကောင်းတဲ့ အရာဖြစ်နေပြီးဆိုတာ သဘောပေါက်ပေမဲ့ ဘာလို မကောင်းတဲ့အရာဖြစ်နေလဲဆိုတာကို သိချင်တာကြောင့် မေးလိုက်ခြင်းဖြစ်သည်။

"လူနာမှာ..အတွေးလွန်ပြီး မေ့တတ်တဲ့
ရောဂါရှိနေတာ..အဲ့ဒါက လူနာ တအားစိတ်ဖိစီးလာရင် အမြန်နှင့် အနှေး ဖြစ်လာတာဘဲ..
အခု လူနာအခြေအနေကို ကြည့်ရသလောက်ဆို အဲ့ရောဂါထက် လူနာကိုယ်ထဲ ရှိနေတဲ့
မကောင်းတဲ့ ဆဲလ်တွေကို ထိန်းချုပ်ပေးတဲ့
ဆေးလက်ကျန်တွေ ရှိနေလို့....''

အဲ့လိုပြောလာတဲ့ ဒေါက်တာကြောင့်
ခေတ်လိုက်မှာ မျက်နှာပျက်သွားရသည်။
ဘာလို့ဆို သူက အဲ့ဆေးအကြောင်းကို
အစအဆုံးသိနေလို့ဖြစ်တယ်။ အဲ့ဆေးက
အမျိုးမျိုး လုပ်လို့ရတယ်။ လိင်ဆက်ဆံတဲ့အချိန် လိင်စိတ်ကြွစေဖို့လည်း အသုံးပြုကြသည်။

"ဒေါက်တာ..ပြောတာက နှောင်းဆီမှာ..
အဲ့ဆေးလက်ကျန်တွေရှိလို့...အတိတ်ကိုဘဲ မှတ်မိတာလား...''

"အင်း!ဟုတ်တယ်..အဲ့ဆေးက အခုအချိန်ကို
မေ့စေပြီးတော့..အရင်က သူတို့လူပ်ဖူးတဲ့
အရာတွေမှာဘဲ ပိတ်မိစေတာ...''

"ဒါဆို အရင်လို ပြန်ကောင်းဖို့ ဘယ်လိုလုပ်ရမှာ...''

မျက်နှာပျက်နေတဲ့ ခေတ်လိုက်ရဲ့ မျက်နှာပေါ်က စိုးရိမ်ပူပန်မှုတွေဟာ အထင်သားမြင်နေရသည်။ သူစိတ်ပူမှာပေါ့။ အဲ့ဆေးနဲ့ ပတ်သက်မိသူတိုင်းက ဘယ်သူကမှ ကံကောင်းပြီး
အသက်ရှင်ကြတာမရှိ၊ အဲ့ဆေးကို စွဲလမ်းနေသူတစ်ယောက်အဖို့ ဖြတ်တောက်ဖို့ ခက်ခဲမှန်း ခေတ်လိုက်ကိုယ်တိုင် မျက်လုံးနှင့် တပ်အပ်မြင်ခဲ့ရတာဘဲလေ။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now