Chapter-13( U + Z )

4.4K 125 11
                                    


Unicode

ခေတ်လိုက်မင်းမူမှာ ကိုယ်ဝင်လာတာနှင့် ခေါင်းကို ငုံချလိုက်တဲ့ ထိုလူသားလေးကြောင့် အကြံတစ်ခုရသွားတော့သည်။ အဲ့အကြံက ဘာဖြစ်မည် ထင်မလဲ..သေချာပေါက် အဲ့လူကို ထိတွေ့ဖို့ အကြံဘဲ ဖြစ်ရမယ်ပေါ့..။

ခေတ်လိုက်မှာ ထိုလူကို တွေ့ရင် လိချင်တပ်မက်လာတဲ့ စိတ်တွေ ချက်ချင်းဖြစ်ပေါ်လာတာကိုလည်း ထိန်းချုပ်ဖို့ ခက်နေသည်။ ထိုလူကို တွေ့ရင် ထိုလူ ရှက်အောင် သူတစ်ခုခု လုပ်လိုက်ရမှ ကျေနပ်နေတာမျိုး
ပြီးရင် ထိုလူ လိုချင်တောင့်တ နေတဲ့အချိန်တွေမှာလည်း စောက်ရမ်းလှတယ်။

ဟာ့..တင်းလာပြန်ပြီးကွာ..။ ခေတ်လိုက်မှာ တင်းလာနေတဲ့ မိမိအကောင်ကြောင့် လျင်မြန်စွာ ခုံပေါ်မှာ ထိုင်ချလိုက်ပြီး ခေါင်းငုံထားတဲ့ ထိုလူရဲ့မျက်နှာကိုလည်း သူ တစ်စိမ်းစိမ်း ထိုင်ကြည့်နေမိသည်။ အရင်လိုမျိုး ခပ်ဆိုးဆိုး အလှလေးတစ်ယောက်လိုမဟုတ်တော့ဘဲ လူကြီးပေါက်စလို ဖြစ်နေတာကလည်း ထိုလူနှင့် တစ်မျိုးတစ်ဖုံ ကြည့်ကောင်းလို့နေသည်။ ခင်ဗျားကွာ..ဘယ်လိုနေနေ အဲ့လို ချစ်စရာကောင်းနေရင် ကျုပ်နှင့် မလွယ်ဘူး..မှတ်ထား..အဟာ့။

ထိုလူရဲ့အဖေနှင့် ကိုယ့်ရဲ့အဖေမှာ လုပ်ငန်းအကြောင်းတွေ ဆွေးနွေးနေတာကြောင့် သူတို့နှစ်ယောက်ဘက်ကို လှည့်ကြည့်မအား။ ရတဲ့အခွင့်အရေးကို ကောက်ကျစ်စွာ အသုံးချတတ်တဲ့ သူ့လိုလူနှင့် ရှယ်ဘဲကွာ...။

"ကျွန်တော့်နာမည်က ခေတ်လိုက်မင်းမူပါ..ပြီးတော့ ဒီကအကိုချောလေးရော..''

ခေတ်လိုက်မှာ ဒီအတိုင်းနေရင် ဒီအတိုင်းဘဲ ပြီးသွားတော့မည့် ထိုလူကို အရင်စကားစလိုက်သည်။ ထိုအချိန် ရဲနေသော ပါးနှစ်ဖက်နှင့် ထိုလူမှာ မရဲတရဲ သူ့မျက်နှာကို ကြည့်ပြီး ပြန်လည် မိတ်ဆက်ပေးလာသည်။

"အကိုက.. နှောင်းခေတ်မဟာဆန်ပါ..''

"တွေ့ရတာ ဝမ်းသာပါတယ်နော်..ကိုနှောင်းခေတ်မဟာဆန်...''

"ဟုတ်..တွေ့ရတာ ဝမ်းသာပါတယ်..''

အဲ့လောက်သာ ပြောပြီး ခေါင်းကို အရင်လိုဘဲ ငုံချလိုက်တဲ့ ထိုလူကြောင့် ခေတ်လိုက်ပါးစပ်မှာ လခြမ်းကွေးသလို ကော့ညွတ်တက်သွားသည်။ ဒီလူ..အခုထိ ရှက်နေတာဘဲ...။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now