Unicodeညနေခင်းရောက်တော့ ဦးမင်းနှောင်း အစည်းအဝေးခန်းကနေ ထွက်လာတဲ့အချိန် ကိုယ့်ရဲ့သားက မနက်လာကတည်းက CEO ဟောင်းရဲ့ သားနှင့် ထွက်သွားတာကို သိတော့ ဦးပီသမှာ ကျေနပ်နေလေသည်။
ဘာလို့ဆို ဒီလိုမျိုး CEO ဟောင်းရဲ့ သားက သူရဲ့သားနှင့် တရင်းတနှီး ဆက်ဆံခေါ်ဆိုနေတာကြောင့်ပင်ဖြစ်သည်။ တစ်ချိန်ချိန်မှာ သူရဲ့သားကို ထိုတော်လွန်းတဲ့ CEO အသစ်လေးဆီ ပညာတွေ တက်ဖို့ စိတ်ကူးထားတာလည်း ရှိသည်။
သူရဲ့သားကို ဘာမှ မလုပ်စေချင်တာမှန်ပေမဲ့ ဒီလိုမျိုး CEO အသစ်လေးနှင့် လိုက်ဖက်စွာ သွားလာ ပြောဆိုဆက်ဆံနေတာကို တွေ့ရတော့ သူရဲ့သားကို ဒီမှာ အလုပ်လုပ်စေချင်လာသည်။ ဒါပေမဲ့ သိတဲ့အတိုင်းဘဲ သူရဲ့ ခေါင်းမာလှတဲ့ သားက ဒီလိုအလုပ်မျိုးကို စိတ်မဝင်စားဘူးဆိုတာ။ အခုမှာ ဦးမင်းနေှာင်းက နှောင်းခေတ်မှာ ခေတ်လိုက် အခန်းထဲ ရှိနေသေးသည်အထင်နှင့် သူရဲ့သားကို သွားခေါ်ရန် တက်ကြွတဲ့ ခြေလှမ်းဖြင့် လျှောက်လာခဲ့သည်။
အခန်းထဲကနေ ထွက်လာတဲ့ ထိုကောင်လေးကို တွေ့တော့ ဦးမင်းနှောင်းက မေးလိုက်သည်။
"ဦးလေးရဲ့သားရော..''
သူက သူ့ကိုယ်သူ ဦးလေးလို့ဘဲ ခေါ်လိုက်သည်။
ခေတ်လိုက်မှာ နှောင်းခေတ်ရဲ့ အဖေကို တွေ့တော့ ပြုံးပြလာကာ ပြန်ပြောပေးလေသည်။
"ဦးလေးရဲ့သားက မနက်ကတည်းက ပြန်သွားပြီး..''
"ဟေ..အဲ့လိုလား..ဒါနဲ့ ဦးလေးရဲ့သားနှင့် အဆင်ပြေရဲ့လား..''
ထိုစကားကို ခေတ်လိုက်ကြားတော့ ဟက်ခနဲ နှောင်းခေတ်ရဲ့ အဖေမကြားအောင် တစ်ချက်ရယ်လိုက်ပြီး ကိုယ့်ကိုကိုယ်ပြန်ပြင်ကာ ဆိုလိုက်သည်။
"ဟုတ်ကဲ့ဦးလေး..အရမ်းအဆင်ပြေတယ်..ပြီးတော့ အကိုက ချစ်စရာလေး...''
ထိုကောင်လေးဆီကနေ ဦးမင်းနှောင်း ကြားရတော့ စိတ်ချမ်းသာသွားရသလို အကိုက ချစ်စရာလေးဆိုတဲ့ စကားကိုလည်း သဘောကျနေတော့သည်။
"အင်းပေါ့..အဆင်ပြေတယ်ဆိုရင် ကောင်းတာပေါ့..''
ခေတ်လိုက်မှာ ကိုယ့်ကိုကိုယ် ထိုလူရဲ့ စိတ်ဆိုးပြီး ကိုယ့်ကို မကျေနပ်ဖြစ်နေတဲ့ရုပ်ကို တွေးကာ သူရဲ့နှုတ်ခမ်းကလည်း အပေါ်ဘက်သို့ ကွေ့ညွတ်သွားတော့သည်။ ထိုအချိန် နှောင်းခေတ်ရဲ့ ဖခင် ဖြစ်သူက သူ့ကို ပြောလာတော့သည်။
YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romance𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်