Chapter-48 ( U + Z )

1.8K 37 8
                                    


Unicode

တော်ရုံနှင့် မပြီးနိုင်တဲ့ ခေတ်လိုက်ရဲ့ မူပိုင်စတိုင်လ်ကို နှောင်းခေတ်သိနေသဖြင့်
ဒီတစ်ခါလည်း သူကဘဲ အနမ်းကို
အရင်ရပ်တန့်လိုက်သည်။

"မောင်...ရပြီးထင်တယ်...''

နှောင်းခေတ် အဲ့လိုပြောတဲ့အခါ ခေတ်လိုက်က နှောင်းခေတ်မျက်နှာကို စူးရဲသော
မျက်လုံးဖြင့် စိုက်ကြည့်လိုက်သည်။
ပြီးတော့ သံသယဝင်နေတဲ့ ပုံစံနှင့်
ခေါင်းအစ ခြေအဆုံး နှောင်းခေတ်တစ်ကိုယ်လုံး စိုက်ကြည့်လာတာကြောင့် နှောင်းခေတ်တစ်ယောက် မနေတတ်တော့ပေ။

"နှောင်း...''

". ....''

"အခုတစ်လော..မောင် ခဏလေးနမ်းတာကို..
နှောင်းကဘဲ အရင်ရပ်နေတာ နှစ်ခေါက်ရှိနေပြီးနော်...ဘာဖြစ်လို့လဲ မောင့်ကို
ပြောပြကြည့်ပါလား.....''

အဲ့လိုမေးတာကလည်း အသံကအစ ကြောက်စရာကောင်းအောင် ပြောနေတဲ့ မောင်ကြောင့်
နှောင်းခေတ်မှာ မောင်နှင့် ခပ်ခွာခွာနေလိုက်မိသည်။ ဘာလို့ဆို တော်ကြာ မောင်ကများ
တစ်ခုခုမကျေနပ်လို့ သူ့ကို ဆွဲခဲ့မယ်ဆိုရင်
မောင့်ရဲ့ နာနေတဲ့ လက်မောင်းကို ထိမိမှာစိုးလို့ဖြစ်သည်။

ခေတ်လိုက်ဘက်က ကိုယ်မေးသည်နှင့်
ကိုယ့်အနားကနေ ခပ်ခွာခွာ နေလိုက်တဲ့
ထိုလူသားကြောင့် သူ့မှာ နားမလည်သော
မျက်နှာထားနှင့် စူးရဲသော မျက်ဝန်းနှစ်ဖက်ကို ပိုလို့ပင် မှေးချလိုက်ပြီး ထိုလူသားရဲ့
မျက်နှာကို စိုက်ကြည့်နေလိုက်သည်။

"အဲ့လောက်ဘဲမေးရတာကို...ဘာလို့ နေရာရွေ့သွားတာ...ဒီအနားကို လာခဲ့....''

ခေတ်လိုက် ပြောလိုက်ပေမဲ့ နှောင်းခေတ် မကြားပေ။ သူ့အတွေးအာရုံထဲမှာ သူ့ကြောင့်
မောင် နာကျင်သွားရလို့ အခု သူ့ကို ေဒါသထွက်နေတယ်လို့ ထင်နေသည်။

"နှောင်း......''

ခေတ်လိုက်မှာ အတွေးအာရုံထဲ နှစ်မြောနေတဲ့ နှောင်းခေတ်ကြားဖို့ သူ့အသံကို မြင့်လိုက်ပြီး ခေါ်လိုက်သည်။ ဒါပေမဲ့ ထိုလူသားက
သူ့ကို လုံးဝမတုံ့ပြန်။ အခုတစ်လော ထိုလူသားရဲ့ ပြောင်းလဲသွားတဲ့ စိတ်ကို ခေတ်လိုက် ခန့်မှန်းနေမိတာကြာနေပြီးဖြစ်သည်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now