Chapter-55 ( U + Z )

998 36 0
                                    


Unicode

ခေတ်လိုက်မှာ အဲ့အချိန်ကနေစပြီး အလျင်အမြန်ပင် ဆရာဝန်ကိုပြန်ခေါ်ကာ နှောင်းခေတ်ကို စမ်းသပ်စေသည်။ ဘာမှ စိတ်ပူရတာမရှိပေမဲ့ ခဏက အောက်ဆီဂျင် အလုံ့အလောက်မရတာရယ်၊ သွင်းထားတဲ့ ဆေးတွေကို အဖြုတ်ချခံလိုက်ရသဖြင့်
နှောင်းခေတ် နိုးထလာဖို့က အချိန်ပိုကြာအုံးမှာပါလို့ ဆရာဝန်ကဆိုသည်။

ပြီးတော့ ခုတင်ပေါ်က တစ်လုံးနှစ်လုံး ပြန့်ကျဲနေသည့် ဆေးတွေကိုလည်း သန့်ရှင်းလိုက်သည်။

"ဒီဆေးတွေကို...ယူသွားမယ်နော်..
ဘာဆေးဖြစ်မလဲဆိုတာကို အတည်ပြုဖို့...''

ဆရာဝန်က အဲ့လိုပြောတော့မှ ခေတ်လိုက်က ထိုဆေးကို မျက်မှောင့်ကြုံကာ ကြည့်လာတော့သည်။

"ဘာဆေးတွေ...''

"လူနာကို ကြည့်ရသလောက်တော့...
ဒီဆေးတွေက လူနာအတွက် အန္တရာယ်မရှိပေမဲ့ ကိုယ်တစ်ခုလုံးတော့ နာကျင်ကိုက်ခဲလိမ့်မယ်...ဘာလို့ဆို ဒီမှာ ဆေးနာမည် ရေးထားတာ အခုမှတွေ့မိတယ်...Feminine Hormone တဲ့...''

"အဲ့ဆေးတွေက...''

ဘာအတွက်နဲ့ နှောင်းခေတ်ကို အဲ့ဆေးထိုးထည့်လိုက်တာလဲလို့ သိချင်ပေမဲ့
ဆရာဝန်မှာတော့ တိကျတဲ့အဖြေမရှိပေ။

"တစ်ဖက်လူက လူနာကို..ဘာအတွက်နှင့် ဒီဆေး ထိုးထည့်လိုက်တာလဲတော့..ဒေါက်တာလည်း မသိဘူး...ပြောရမယ်ဆိုရင် မနက်ဖြန်အထိတော့ ဟော်မုန်းတွေရဲ့ အပြောင်းအလဲကြောင့် လူနာရဲ့ ကိုယ်တစ်ခုလုံးက နာကျင်ရလိမ့်မယ်...''

အဲ့လို ဒေါက်တာဆီကနေ ကြားလိုက်ရတာကြောင့် ခေတ်လိုက်ရဲ့ ဒေါသတွေက ထောင်းခနဲ ထလာတော့သည်။ သူတောင် ချစ်လို့
အခုနောက်ပိုင်း ထိုလူသားကို နာကျင်အောင် မလုပ်နိုင်တာကို အခြားလူတစ်ယောက်ကများ သူ့အပိုင်ကို ကိုယ်ထိလက်ရောက်ကျူးလွန်လို့၊ ထိုသို့လုပ်သွားတဲ့ လူကို မိအောင်ဖမ်းမယ်လို့ ခေတ်လိုက် ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ ပြီးရင် အဲ့လူနှင့် ထိုက်တန်အပြစ်တွေကို ပေးဖို့အတွက်ပါ ခေတ်လိုက်
ပြင်ဆင်ထားနေပြီးဖြစ်သည်။

"Xီးဘဲ...ကျုပ်မရှိတဲ့ ခဏလေးမှာ..
ဘာတွေ ဖြစ်ပျက်သွားတာလဲ..
ချီးထဲမှကွာ...တောက်စ်!!!!

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now