Unicodeအတွေးများပြီး အိပ်မပျော်တက်တဲ့ နှောင်းခေတ်မှာ အိမ်ပြန်ရောက်လာကတည်းက လုံးဝ ခေါင်းချလို့မရပေ။
တောင်တွေးမြောက်တွေးဖြင့် ခုတင်ပေါ်မှာ ကိုယ်တစ်ယောက်ထဲ ဟိုဘက် ဒီဘက် လှိမ့်ရင်းနှင့်သာ တစ်နာရီပြီးတစ်နာရီ ကုန်လွန်လို့ လာခဲ့သည်။
အခုတော့ မနက်ပိုင်းတောင် ရောက်နေပြီးပေမဲ့ နှောင်းခေတ် မျက်လုံးမှာတော့ လုံးဝ မှိတ်ချလို့မရတော့တာ ဖြစ်သည်။
နှောင်းခေတ်သဘာဝက 12 ကျော်ရင်မှ မျက်လုံးကို ရအောင် မမှိတ်နိုင်သေးရင် အဲ့ညတစ်ညလုံး အိပ်မရတော့ဘူးဆိုတာကလည်း ကိုယ့်ကိုကိုယ် သိသည်။ အခုကျတော့ လန့်တာကြောင့်ရော ကိုယ်နှင့်မဆိုင်တဲ့ အဲ့ကောင်လေးကို အပြီးတိုင် ထုတ်နိုင်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး တွေးနေမိသည်။
မနက်ရောက်သည်အထိ ထိုင်တွေးနေပေမဲ့ ဘယ်အတွေးကမှ အဲ့ကောင်လေးကို နိုင်မှာ မဟုတ်ကြောင်း နှောင်းခေတ် သဘောပေါက်လိုက်သွားသည်။
"ဟူး..အိပ်မပျော်မည့်အတူတူ အိမ်အောက်ထပ်ဘဲ ဆင်းလိုက်တော့မယ်..''
မျက်နှာကို အရင်သစ်လိုက်ပြီး နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်တွေကိုလည်း အရှေ့ဘက်မှာ အုန်းသီးပင်သေးသေးလေးလို အမြင့်စီးထားသည်။ ပြီးရင် ညအိပ်အင်္ကျီ အဝါရောင်အရှည်ကို ယူဝတ်လိုက်သည်။ ဘဲရုပ်ကလေးတွေလည်း ပါနေတော့ နှောင်းခေတ်က အလွန်ကိုမှ ချစ်စရာကောင်းတဲ့ ခလေးလေးပေါ့။
ကိုယ် ဒီလို ပြင်ဆင်ထားတော့ မေမေကသာ တွေ့သွားရင် သူရဲ့ပါးနှစ်ဖက်က ရစရာမရှိတော့အောင် အနမ်းခံရမည်ကို နှောင်းခေတ်တွေးရင်း အသံထွက် ရယ်လိုက်မိသည်။
သူ့ရဲ့အသက် နှစ်ဆယ့်ရှစ် ပြည့်ပြီးလို့ ပြောရင် လူတွေက မယုံချင်သလို သူ့ကို ပြူးကြည့်ရသည့်အထိ နှောင်းခေတ် နုပျိုချက်က ကမ်းကုန်လို့နေသည်။
"အိုလူက အပျို~~~
အပျိုတွေက ငို~~~
အပျိုတွေကတောင် အအိုချစ်ရသတဲ့~~~
ဒါက နှောင်းခေတ်ကိုဟေ့~~~''နှောင်းခေတ်မှာ ကိုယ့်နုပျိုချက်ကို ကိုယ့်ဖာသာ တင်စားလို့ ပြုံးရွှင်စွာ အောက်ထပ်ကို ဆင်းလာခဲ့သည်။

YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romance𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်