Chapter-28 ( U + Z )

3.2K 58 6
                                    


Unicode

ကိုယ်တစ်ခုလုံး ရိုက်ထားခံရသလို လှုပ်လို့မရအောင် နာကျင်တာကြောင့် နှောင်းခေတ် မျက်နှာရှုံ့မဲ့သွားမိသည်။ ညက သူမူးနေလို့ ခေတ်လိုက်နှင့် နေခဲ့တာကိုလည်း သူ တစ်ခုပြီးတစ်ခု မြင်ယောင်လာသည်။

အခု သူ့ကို ဖက်ထားတဲ့ ကြီးမားသော လက်ကို ဖယ်ချလိုက်ပြီး ထရန် ကြိုးစားလိုက်သည်။ ဒါပေမဲ့ နည်းနည်းတော့ နာကျင်နေ၏။ ခေါင်းတွေကလည်း ကြည်မလင်နေဘဲ နောက်ကျိနေကာ မူးနောက်နောက် ဖြစ်နေသေးသည်။ နှောင်းခေတ် ထိုကောင်လေးကို ကြည့်တော့ ညက သူနှင့် တစ်ညလုံး ဖြတ်သန်းလာတာကြောင့် အခုချိန်ထိ အိပ်လို့ကောင်းနေဆဲဖြစ်သည်။ ထိုအခြေအနေကို နှောင်းခေတ် အခွင့်အရေးယူပြီး အိပ်ယာကနေ ဖြည်းဖြည်းချင်း ထလိုက်သည်။

ပြီးတော့ မျက်နှာကို အရင်သစ်လိုက်သည်။
မျက်နှာသစ်နေချိန်တွင် နှောင်းခေတ် စိတ်ထဲမှာ ထိုကောင်လေးကို ရှောင်ပြေးဖို့သာ စဥ်းစားနေသည်။ ဘယ်လို ပြေးရင်ကောင်းမလဲ ဆိုပြီး စဥ်းစားနေလိုက်သည်။ သူအကြံတစ်ခု ရသွားတော့သည်။ ထိုအကြံက သူနှင့် ကိုဘုန်းတို့အတူ နေခဲ့ဖူးသော နောက်ထပ် Hotelတစ်ခုမှာ သွားပုန်းနေရန်ဖြစ်သည်။

"ငါမင်းကို..လက်မခံနိုင်လို့ လုပ်ရတာ..''

နှောင်းခေတ် မျက်နှာသစ်ပြီးတော့ အပြင်ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။ နေလည်း မထွက်ရသေးတာကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်နေဆဲဖြစ်သည်။ သူလည်း အချိန်မဆွဲနေတော့ဘဲ လိုတယ်ထင်တဲ့ အရာတွေကို အိတ်တစ်လုံးထည့်ကာ အမြန်ဘဲ အခန်းထဲကနေ ခိုးထွက်လာသည်။

ဒီအချိန်လောက်ဆို မေ့က ဘုရားဝတ်ပြုနေတုန်း နှောင်းခေတ်သိသည်။ ဖေဖေက အလုပ်ပြီးမှ အိပ်တာကြောင့် မနက်စောစောစီးစီး မထနိုင်ပေ။

"မင်းငါ့ကို မေ့သွားသည်အထိ ပုန်းနေမှာ...''

ဘယ်သူမှ မတွေ့ခင်မှာ နှောင်းခေတ် အမြန်ဘဲ ကားပေါ်တက်ကာ အိမ်ထဲကနေ အမြန်ဘဲ မောင်းထွက်သွားတော့သည်။ နှောင်းခေတ် ဒီလို ထွက်ပြေးလာရတာကလည်း နောင်တမရပေ။ ဘာလို့ဆို သူ့ရဲ့စိတ်က ဘယ်လိုမှ ထိုကောင်လေးနှင့် တစ်သက်လုံး အတူနေသွားဖို့ ဆန္ဒမရှိတာကြောင့်ဖြစ်သည်။

𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }Where stories live. Discover now