Unicodeနှောင်းခေတ်ကသာ တံခါးမဖွင့်ပေးရင် မနက်ဘက်အထိ ပြဿနာသယ်သွားနိုင်သည့် ထိုကောင်လေးကြောင့် သူ သက်ပြင်းချကာ ခြံတံခါးကို ဖွင့်ပေးလိုက်သည်။ ဒါပေမဲ့ သူမသိတာက ထိုကောင်လေး မူးနေခြင်းပင်ဖြစ်သည်။ သူလည်း မြန်မြန်ပြောရင် မြန်မြန် ပြီးတာဘဲဆိုတဲ့စိတ်နှင့် ဖွင့်ပေးခဲ့တာဖြစ်ပေမဲ့ တံခါးဟသွားသည်နှင့် သူရဲ့ကိုယ့်တစ်ခုလုံးမှာ ထိုကောင်လေးရဲ့ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားခြင်းကို ခံလိုက်ရ၏။
ပြီးတော့ သူ့ကို ရီဝေစွာစိုက်ကြည့်နေတဲ့ ထိုကောင်လေးဆီကနေ အရက်နံ့ရတော့ ထိုကောင်လေးသောက်ထားမှန်း အခုမှ သူသိလိုက်ရသည်။ မျက်လုံးရဲ့ ထောင့်တွေမှာ အနည်းငယ်နီရဲနေသော ထိုကောင်လေးရဲ့ မျက်လုံးတွေကဘဲ ခက်ထန်တည်တင်းထားသော မျက်နှာကို ပိုလို့ပင် ကြောက်စရာကောင်းစေသည်။ နှောင်းခေတ်က ထိုကောင်လေး မဟုတ်တာတွေ မလုပ်ဖို့ ဆုတောင်းနေမိပေမဲ့ သူရဲ့ဆုတောင်းတွေက နောက်ကျနေခဲ့ပြီးဖြစ်သည်။
သူနှုတ်ခမ်းကို တခဏစိုက်ကြည့်နေပြီး ထိုကောင်လေးရဲ့ မျက်နှာမှာ သူမျက်နှာရှေ့ တဖြည်းဖြည်း နီးကပ်လာတာကြောင့် နှောင်းခေတ် မျက်လုံး ပိတ်လိုက်မိသည်။ ထိုအခါ ကောင်လေးက သူ့ကို တစ်ချက်နမ်းလာသည်။
ပြွတ်!!
ပြီးရင် သူ့ကို ပြန်လည်စိုက်ကြည့်လာသည်။
ထိုကောင်လေးက ဘာမှကို မပြောသေးဘဲ ဒီအတိုင်း ရပ်နေတာကြောင့် နှောင်းခေတ်လည်း ငြိမ်နေမိသည်။ အထက်အောက် ရွေ့လျားနေသော ကောင်လေးရဲ့ လည်ဇလုပ်တွေကို ကြည့်ရင်းနဲ့ ထိုကောင်လေးဘယ်လောက် ယောကျာ်းဆန်မှန်း နှောင်းခေတ်သိလိုက်ရသည်။ ဒါပေမဲ့ သူမကြိုက်တာက ထိုကောင်လေးက တစ်ဇွတ်ထိုးဆန်ပြီး သူ့စိတ်ကို နားမလည်ပေးတာကိုဘဲ ဖြစ်သည်။တကယ်လို့ ထိုကောင်လေးသာ နှောင်းခေတ်ရဲ့စိတ်ကို နားလည်ပေးရင် ကောင်းခကြယ်လိုဘဲ နှောင်းခေတ် လက်ခံမိမှာဆိုတာ ကျိန်းသေဘဲ ဖြစ်သည်။
"ကျုပ်ဘက်ကို..ဘာလို့ခင်ဗျာ မလှည့်ကြည့်ရတာလဲ..''
ဝမ်းနည်းနေသော လေသံနှင့် သူ့ကို မေးလိုက်တဲ့ ထိုကောင်လေးကြောင့် နှောင်းခေတ် တိတ်နေမိသည်။ ထိုကောင်လေး သူ့ကို အဲ့လောက်ထိ ဖြစ်သွားရတာ ဘယ်နေရာကနေ စလာခဲ့သလဲ။
YOU ARE READING
𝚁𝚎𝚊𝚍𝚢 𝚝𝚘 𝚋𝚎 𝚖𝚒𝚗𝚎 (𝚘𝚛) 𝙽𝚘𝚝 { 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙 }
Romansa𝗪𝗮𝗿𝗻𝗶𝗻𝗴 [𝟭𝟴+] 𝗣𝗼𝘀𝘀𝗲𝘀𝘀𝗶𝘃𝗲 𝗧𝘆𝗽𝗲 𝗳𝗶𝗰🚨 ခေတ်လိုက်မင်းမူ+နှောင်းခေတ်မဟာဆန်